
မြန်မာ့လက်ရွေးစင်အသင်း အာရှဖလားတတိယအဆင့်ခြေစစ်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိ
June 16, 2021
၂၀၂၂ အာရှ ယူ၂၃ ခြေစစ်ပွဲအုပ်စု(ဈ)တွင် တရုတ်(တိုင်ပေ)၊ ဗီယက်နမ်တို့နှင့် မြန်မာအသင်းယှဉ်ပြိုင်ရမည်
August 11, 2021
AFC Women’s Asian Cup 2022 ပြိုင်ပွဲ ခြေစစ်ပွဲ အုပ်စုမဲခွဲပွဲကို ဇွန်လ ၂၄ရက် ညနေပိုင်းက မလေးရှားနိုင်ငံ အာရှဘောလုံးအဖွဲ့ချုပ်ရုံးတွင် ပြုလုပ်ခဲ့သည်။
အာရှနိုင်ငံ (၂၆)နိုင်ငံဝင်ရောက်ယှဉ်ပြိုင်မည့် အဆိုပါခြေစစ်ပွဲတွင် မြန်မာအသင်းသည် အုပ်စု (ဃ)တွင် လက်ဘနွန်၊ ယူအေအီး၊ ဂူအမ် အသင်းတို့နှင့် ကျရောက်ခဲ့သည်။
အဆိုပါခြေစစ်ပွဲကို ပြိုင်ပွဲဝင် အသင်း(၄)သင်း (၄)အုပ်စု၊ ပြိုင်ပွဲဝင်အသင်း(၃)သင်း (၄)အုပ်စု စုစုပေါင်း အုပ်စု (၈)ခု ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အုပ်စု ပထမရရှိသော အသင်း (၈)သင်းသည် အာရှဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲကို ဂျပန်၊ တရုတ်၊ ဩစတြေးလျ၊ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အိန္ဒိယ အသင်းတို့နှင့် အတူ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။




