
အာရှဖလားခြေစစ်ပွဲ အဖွင့်ပွဲစဉ်တွင် မြန်မာအမျိုးသမီးအသင်း ဂိုးပြတ်အနိုင်ရ
October 18, 2021
ဂူအမ်အသင်းကို ဂိုးပြတ်အနိုင်ရပြီး နိုင်ပွဲဆက်ခဲ့သည့် မြန်မာအမျိုးသမီးအသင်း
October 21, 2021မြန်မာ့လက်ရွေးစင် အမျိုးသားယူ-၂၃အသင်းသည်ယူ-၂၃အာရှဖလား ခြေစစ်ပွဲဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် ယနေ့ (အောက်တိုဘာ ၂၀ရက်) ညနေပိုင်းက ထွက်ခွာခဲ့သည်။
မြန်မာအသင်းပါ၀င်သည့် အာရှယူ-၂၃ခြေစစ်ပွဲကို ကာဂျစ်စတန်နိုင်ငံတွင် ကျင်းပမည်ဖြစ်သော်လည်း မြန်မာအသင်းသည် ပွဲကြိုခြေစမ်းပွဲယှဉ်ပြိုင်ရန် ယူအေအီးနိုင်ငံ၊ ဒူဘိုင်းသို့ အရင် သွားရောက်မည်ဖြစ်သည်။
ဒူဘိုင်းတွင် တပတ်ခန့်လေ့ကျင့်ပြီး ဒူဘိုင်းအခြေစိုက်ကလပ်အသင်းတစ်သင်းနှင့် ေြခစမ်းပွဲကစားရန်စီစဉ်ထားသည်။
ထို့နောက် ေြခစစ်ပွဲကျင်းပမည့် ကာဂျစ်စတန်နိုင်ငံသို့ဆက်လက်ထွက်ခွာမည်ဖြစ်သည်။ ခြေစစ်ပွဲကို ဗီယက်နမ်၊ တရုတ်(တိုင်ပေ) အသင်းများနှင့်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး တစ်သင်းသာခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။
မြန်မာအသင်းသည် အောက်တိုဘာ ၃၀ရက်တွင် တရုတ်(တိုင်ပေ)အသင်း၊ နို၀င်ဘာ ၂ရက်တွင် ဗီယက်နမ်အသင်း တို့နှင့် အသီးသီးယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်ယူ-၂၃ အသင်းကို အုပ်ချုပ်နည်းပြအဖွဲ့၀င် ၁၁ဦး၊ ကစားသမား ၂၃ဦး စုစုပေါင်း ၃၄ဦးဖြင့် ဖွဲ့စည်းထားပြီး နည်းပြချုပ်အဖြစ် ပိုပေါ့ဗ်က တာ၀န်ယူ ကိုင်တွယ်လျက်ရှိသည်။
အသင်းအုပ်ချုပ်သူ- ဦးရဲ၀င်းအောင်
အတွင်းရေးမှူး- ဦးစည်သူ၀င်း
နည်းပြချုပ်- ဗယ်လီဇာပိုပေါ့ဗ်
လက်ထောက်နည်းပြ- ဦးဇော်၀င်းထွန်း
လက်ထောက်နည်းပြ- ဦးအောင်အောင်ထွန်း
ဂိုးနည်းပြ – ဦးဇော်လင်းအောင်
ဆရာ၀န် – ဒေါက်တာဖြိုးမင်းဦး
အကြောကျွမ်းကျင်- ဦးထွန်းဇော်
မီဒီယာ- ဦးကျော်ဇင်လှိုင်
Video Analyst- ဦး၀င်းကိုကို
Kit Manager- ဦးချမ်းဝေစိုး
ဂိုး- အောင်ကိုလတ်၊ ပြည့်ဖြိုးသူ၊ ထွန်းနန္ဒဦး
နောက်တန်း- စိုးမိုးကျော်၊ သက်ဟိန်းစိုး၊ ဟိန်းထက်စည်သူ၊ ဟိန်းဇေယျာလင်း၊ အောင်၀ဏ္ဏစိုး၊ ဇွဲခန့်မင်း၊ သက်ပိုင်ထွေး
အလယ်တန်း- နန်းထိုက်ဇော်၊ လင်းထက်စိုး၊ ဝေလင်းအောင်၊ လွင်မိုးအောင်၊ ဇော်၀င်းသိန်း၊ ရဲလင်းထက်၊ ရဲရင့်အောင်၊
ရှေ့တန်း- သန့်ဇင်မြင့်၊ မြတ်ကောင်းခန့်၊ ၀င်းနိုင်ထွန်း၊ ခင်ကျော်၀င်း၊ ကောင်းမြတ်သူ၊ ထက်ဖြိုးဝေ။




