
Laws Of The Game 2021-2022
November 2, 2021
Myanmar defeat Manavgat Belediyespor FC 2-1 in friendly match
November 11, 2021ဆူဇူကီးဖလား ၂၀၂၀ ပြိုင်ပွဲအတွက် တူရကီတွင် လေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် အသင်းသည် ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၂း၃၀ နာရီက တူရကီ Amateur League ကလပ် Manavgat Belediyespor အသင်းနှင့် ယင်းကလပ်အသင်း အိမ်ကွင်းဖြစ်သည့် Manavgat Ataturk Stadium တွင်လေ့ကျင့်ခြေစမ်းခဲ့ရာ (၂-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ မြန်မာအသင်းသည် ပထမပိုင်းတွင် ဂိုး-မျိုးမင်းလတ်၊ နောက်တန်း-အောင်ဝဏ္ဏစိုး၊ ရဲမင်းသူ၊ ဝင်းမိုးကျော်၊ ဟိန်းဖြိုးဝင်း၊ အလယ်တန်း- မောင်မောင်ဝင်း၊ နေမိုးနိုင်၊ အောင်နိုင်ဝင်း၊ မြတ်ကောင်းခန့်၊ မျိုးကိုထွန်း၊ ရှေ့တန်း- ဝင်းနိုင်ထွန်း တို့ဖြင့် ပွဲထွက်ခဲ့သည်။
ဒုတိယပိုင်းတွင် ဂိုး- စိုးအာကာ၊ နောက်တန်း- ဒေးဗစ်ထန်၊ ငြိမ်းချမ်း၊ ဇော်ရဲထွန်း၊ ဝင်းမိုးကျော်၊ အလယ်တန်း- လှိုင်းဘိုဘို၊ လွင်မိုးအောင်၊ ထက်ဖြိုးဝေ၊ မောင်မောင်လွင်၊ ရှေ့တန်း- သန်းပိုင် တို့ဖြင့် လူအပြောင်းအလဲပြုလုပ်ကာ ပွဲထွက်ခဲ့သည်။ မြန်မာအသင်းအတွက် အနိုင်ဂိုးများကို ပွဲချိန် ၄၁ မိနစ်တွင် ဝင်းနိုင်ထွန်းနှင့် ပွဲချိန် ၆၅ မိနစ်တွင် မောင်မောင်လွင်တို့က သွင်းယူခဲ့ပြီး Manavgat Belediyespor အသင်းက ပွဲချိန် ၇၅ မိနစ်တွင် ချေပဂိုး တစ်ဂိုးရရှိခဲ့သည်။ ရှေ့တန်း ကစားသမား တစ်ဦးဖြစ်သည့် ဆမ်လန်မန်မှာ ဒဏ်ရာ အနည်းငယ်ရရှိထားသဖြင့် ယနေ့ခြေစမ်းပွဲတွင် မပါဝင်နိုင်ခဲ့ပေ။ မြန်မာအသင်း အနေဖြင့် တူရကီနိုင်ငံတွင် လေ့ကျင့်စဉ်ကာလအတွင်း အာဖရိက အသင်းတစ်သင်းဖြစ်သည့် ဘူရန်ဒီ လက်ရွေးစင် အသင်းနှင့်လည်းကောင်း၊ တူရကီနိုင်ငံတွင် လာရောက်လေ့ကျင့်နေသည့် ဒေသတွင်းပြိုင်ဘက် အင်ဒိုနီးရှား အသင်းနှင့်လည်းကောင်း နိုင်ငံတကာ (A)အဆင့် ခြေစမ်းပွဲများ ဆက်လက် ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အသင်းထံသို့ မလေးရှားနိုင်ငံတွင် သွားရောက်ကစားနေသည့် အောင်ကောင်းမန်သည် မြန်မာအသင်းနှင့် ပူးတွဲလေ့ကျင့်ရန် ရက်အနည်းငယ်အတွင်း တူရကီနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ပြီး ဟိန်းထက်အောင်သည်လည်း ဆူဇူကီးပြိုင်ပွဲမစတင်မီ လက်ရွေးစင် အသင်းနှင့် ပူးပေါင်းလေ့ကျင့်သွားမည် ဖြစ်သည်။




