
မြန်မာနှင့် ဂျပန်အသင်းတို့ ယှဉ်ပြိုင်ကစားမည့် အာရှဖလားအမျိုးသမီး ပွဲစဉ်အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲပြုလုပ်
January 20, 2022
ပဏာမ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း စခန်းဝင်လေ့ကျင့်မှု စတင်
January 24, 2022အာရှဖလား အုပ်စု(ဂ) အဖွင့်ပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် ဂျပန်အသင်းတို့ ဇန်နဝါရီ ၂၁ ရက် ဒေသစံတော်ချိန် နေ့လယ် ၁နာရီ ၃၀မိနစ် အိန္ဒိယနိုင်ငံ Pune မြို့တွင် ယှဉ်ပြိုင်ခဲ့ကြရာ ဂျပန်အသင်းက (၅-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဂျပန်အသင်းသည် ကမ္ဘာအဆင့်(လက်ရှိအချိန်အထိ) အဆင့် ၁၃ ရှိသော အသင်းဖြစ်ပြီး အင်အားကြီးအသင်း တစ်သင်းပီပီ ကမ္ဘာ့အဆင့် ၄၇ ရှိ မြန်မာအသင်းကို ပွဲချိန်ပြည့်နီးပါး အသာစီးမှ ကစားသွားနိုင်ခဲ့သည်။

လက်ရှိအာရှဖလားချန်ပီယံ အသင်းနှင့် ယှဉ်ပြိုင်ရမည့် အဖွင့်ပွဲစဉ်အတွက် မြန်မာအသင်းအနေဖြင့် မေဇင်နွယ်၊ခင်သန်းဝေ၊ချစ်ချစ်၊အေးအေးမိုး၊ဖြူဖြူဝင်း၊ ခင်မာလာထွန်း၊ ခင်မိုမိုထွန်း၊ သင်းသင်းယု၊ ဂျူလိုင်ကျော်၊နုနု၊စန်းသော်သော်တို့ဖြင့်ပွဲထွက်လာခဲ့သည်။
ပထမပိုင်းတွင် မြန်မာအသင်း ခံစစ်ကစားပုံကောင်းခဲ့ပြီး ဂိုးသမား မေဇင်နွယ် လက်စွမ်းပြ မှုများကြောင့် ဂျပန်အသင်းက (၁-၀)ဂိုးဖြင့်သာ ဦးဆောင်နိုင်ခဲ့သည်။ ဒုတိယပိုင်းတွင် မြန်မာအသင်း ကစားအားကျဆင်းခဲ့ပြီး ဂျပန်အသင်းမှ လူစားဝင်ကစားသမားများ ခြေစွမ်းပြ ဂိုးများသွင်းယူနိုင်ခဲ့ခြင်းကြောင့် ပွဲပြီးဆုံးချိန်တွင် မြန်မာအသင်း (၅-၀)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဒုတိယပွဲစဉ်အဖြစ် တောင်ကိုရီးယားအသင်းနှင့် ဇန်နဝါရီ ၂၄ရက်တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ယနေ့ပွဲစဉ်တွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးတိုက်စစ်မှူး ဝင်းသိင်္ဂီထွန်း၊ နည်းပြချုပ် ဦးတင်မြင့်အောင်၊ လက်ထောက်နည်းပြ ဦးခင်မောင်ထွေးတို့ Covid-19 ရောဂါကူးစက်ခံခဲ့ရသည့်အတွက် ပါဝင်နိုင်ခြင်းမရှိခဲပေ။




