
အာရှဖလား ကွာတားဖိုင်နယ်တွင် ကွင်းလယ်ဒိုင်အဖြစ် ဒေါ်သိန်းသိန်းအေး တာဝန်ယူ
January 30, 2022
COVID 19 ကြောင့် အာဆီယံ ယူ၂၂ ချန်ပီယံရှစ် ပြိုင်ပွဲမှ မြန်မာ့လက်ရွေးစင် ယူ၂၂ အသင်း နှုတ်ထွက်
February 15, 2022မြန်မာ့လက်ရွေးစင်ယူ-၂၃အသင်းသည် ဖေဖော်ဝါရီ ၁၄ရက်မှ ၂၆ရက်အထိ ကျင်းပမည့် အာဆီယံ ယူ-၂၃ချန်ပီယံရှစ် (AFF U-23 Championship) ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ဖေဖော်ဝါရီ ၈ရက် မနက်ပိုင်းက ကမ္ဘောဒီးယားနိုင်ငံသို့ရောက်ရှိခဲ့ပြီး လေ့ကျင့်ရေး အစီအစဉ်များကို စတင်ပြုလုပ်လျက်ရှိပါသည်။
AFF U-23 Championship (အာဆီယံယူ-၂၃ချန်ပီယံရှစ်ပြိုင်ပွဲ) ကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည် ဖြစ်ပြီး မြန်မာအသင်းက အုပ်စု(ခ)တွင် အင်ဒိုနီးရှား၊ မလေးရှား၊ လာအိုအသင်းများနှင့် တစ်အုပ်စုတည်းကျရောက်လျက်ရှိသည်။
အုပ်စု(က)တွင် အိမ်ရှင် ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ အရှေ့တီမော၊ ဘရူနိုင်း၊ အုပ်စု(ဂ)တွင် ထိုင်း၊ဗီယက်နမ် နှင့် စင်ကာပူအသင်းတို့ပါဝင်သည်။ ယင်းပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၄ရက်မှ ၂၆ရက် အထိ ကျင်းပမည်ဖြစ်ပြီး အုပ်စုသုံးခုမှ အုပ်စုပထမ သုံးသင်းနှင့် အကောင်းဆုံးဒုတိယရရှိသောအသင်းတစ်သင်းသည် ဆီမီးဖိုင်နယ်အဆင့်သို့တက်ရောက်နိုင်မည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်ယူ-၂၃အသင်းသည် အဆိုပါအာဆီယံပြိုင်ပွဲအတွက် ဇန်နဝါရီလအစောပိုင်းကတည်းက စခန်းသွင်းလေ့ကျင့်ခြင်းများပြုလုပ်ခဲ့ပြီး ပြိုင်ပွဲသို့ ကစားသမားအင်အား ၂၆ ဦး၊ အုပ်ချုပ်နည်းပြအဖွဲ့ဝင် ၉ ဦးဖြင့် သွားရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ယင်းပြိုင်ပွဲအပြီးတွင်လည်း မေလအတွင်းကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲအတွက် ဆက်လက်ပြင်ဆင်လေ့ကျင့်သွားမည်ဖြစ်သည်။
ဂိုး- ပြည့်ဖြိုးအောင်၊ သူရကျော်၊ ထွန်းနန္ဒဦး
နောက်တန်း- အောင်ဝဏ္ဏစိုး၊ ဟိန်းဇေယျာလင်း၊ နောင်နောင်စိုး၊ စည်သူမိုးခန့်၊ စိုးမိုးကျော်၊ သက်ဟိန်းစိုး၊ သက်ပိုင်ထွေး၊ ရဲလင်းထက်
အလယ်တန်း- စိုင်းစိုင်ခွမ်ဖ၊ လင်းထက်စိုး၊ နန်းထိုက်ဇော်၊ လွင်မိုးအောင်၊ ဝေလင်းအောင်၊ ရန်ကျော်စိုး၊ ရဲရင့်အောင်၊ ဇော်ဝင်းသိန်း၊ ပြည့်ဖြိုးအောင်
ရှေ့တန်း- ထက်ဖြိုးဝေ၊ ကောင်းမြတ်သူ၊ ခင်ကျော်ဝင်း၊ ရာဇာအောင်၊ ဝင်းနိုင်ထွန်း၊ မြတ်ကောင်းခန့်
နည်းပြအုပ်ချုပ်အဖွဲ့
ဦးစည်သူဝင်း (အသင်းအုပ်ချုပ်သူ)
ဗယ်လီဇာပိုပေါ့ဗ် (နည်းပြချုပ်)
ဦးဇော်ဝင်းထွန်း (လက်ထောက်နည်းပြ)
ဦးအောင်အောင်ထွန်း (လက်ထောက်နည်းပြ)
ဦးအောင်ကျော်ကျော် (ဂိုးနည်းပြ)
ဒေါက်တာဖြိုးမင်းဦး (အသင်းဆရာဝန်)
ဦးထွန်းဇော် (အကြောကျွမ်းကျင်)
ဦးသူရတိုး (အကြောကျွမ်းကျင်)
ဦးချမ်းဝေစိုး (ဝတ်စုံတာဝန်ခံ)




