
FIFA Futsal Law of The Game 2021-22
March 14, 2022
NSDF ဖူဆယ်ဖိတ်ခေါ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် မြန်မာအသင်း အနိုင်ရ
March 16, 2022
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၂ အတွင်း နိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ-၁၆ အမျိုးသား
အသင်းတွင် လစ်လပ်လျက်ရှိသော နည်းပြချုပ်ရာထူးအတွက် အောက်ပါအရည်အချင်း သတ်မှတ်ချက်များနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်။
၁။ AFC (A )လိုင်စင် အောင်မြင်ပြီးသူ အမျိုးသားဖြစ်ရမည်။
၂။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသား ဖြစ်ရမည်။
၃။ ကျန်းမာရေး ကောင်းမွန်သူ ဖြစ်ရမည်။
၄။ အသက် ၃၅ နှစ်မှ ၅၅ နှစ်အတွင်းရှိသူဖြစ်ရမည်။
၅။ပရော်ဖက်ရှင်နယ်အဆင့် ဘောလုံးအသင်းများအား နည်းပြခဲ့ဖူးသူဖြစ်ရမည်။
အထက်ဖော်ပြပါ ရာထူးကို လျှောက်ထားသူများသည် ဤကြော်ငြာပါသည့် ရက်မှ စတင်ပြီး မတ် ၂၁ရက်နေ့နောက်ဆုံးထားကာ CV Form၊ လိုင်စင်
ဓာတ်ပုံ၊ AFC (A )လိုင်စင် အောင်မြင်ပြီးကြောင်း ထောက်ခံချက်မိတ္တူ၊ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်း မိတ္တူတို့နှင့်အတူ မြန်မာနိုင်ငံဘောလုံး
အဖွဲ့ချုပ်ရုံးတည်ရှိရာ သုဝဏ္ဏဘောလုံးကွင်း၊ ဝေဇယန္တာလမ်းမကြီး၊ သုဝဏ္ဏ၊ သင်္ကန်းကျွန်းမြို့နယ်သို့ လူကိုယ်တိုင်သော်လည်းကောင်း၊ Email, adm_mff@mff-ma.com သို့လည်းကောင်း ပေးပို့ လျှောက်ထားနိုင်ပါသည်။