
ယူ-၁၆ အမျိုးသားအသင်းနည်းပြချုပ်နေရာအတွက် လျှောက်လွှာခေါ်ယူခြင်း
March 14, 2022
NSDF ဖူဆယ်ပြိုင်ပွဲ ဒုတိယ ပွဲစဉ်တွင် မြန်မာအသင်းအီရန်ကို ရှုံးနိမ့်
March 17, 2022မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် ထိုင်းနိုင်ငံတွင် ကျင်းပလျက်ရှိသည့် NSDF Futsal Invitation Championship 2022 ပြိုင်ပွဲတွင် အသင်း၏ အဖွင့် ပွဲစဉ်အဖြစ် မတ်၁၆ရက် မွန်းလွဲပိုင်းက ယှဉ်ပြိုင်ကစားခဲ့သော မွန်ဂိုးလီးယား အသင်းနှင့် ပွဲစဉ်တွင် ၇-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာ အသင်းသည် ပထမပိုင်းတွင် မျိုးမြင့်စိုး၊ ငြိမ်းမင်းစိုး၊ စိုင်းပြုံးအောင်၊ နိုင်လင်းထွန်းကျော်တို့၏ သွင်းဂိုးများ အပြင် မွန်ဂိုလီးယား အသင်း၏ ကိုယ့်ဂိုးကိုယ် သွင်းမှုနှင့် အတူ ပထမပိုင်းအပြီးတွင် ၅-၀ ဂိုးဖြင့် အနိုင်ရရှိနေခဲ့သည်။
ဒုတိယပိုင်းတွင်လည်း မြန်မာအသင်းအတွက် ဂိုးများကို ချမ်းသာနှင့် ခင်ဇော်လင်းတို့က ဂိုးများ ထပ်မံ သွင်းယူခဲ့ပြီး မွန်ဂိုလီးယား အသင်းက ချေပဂိုးတစ်ဂိုး ပြန်လည် ရယူနိုင်ခဲ့သောကြောင့် ပွဲအပြီးတွင် မြန်မာအသင်းက ၇-၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ယခုပွဲစဉ်အတွက် အကောင်းဆုံး ကစားသမားဆုကို မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းမှ မျိုးမြင့်စိုးက ရရှိခဲ့သည်။
မြန်မာအသင်းသည် အုပ်စု ဒုတိယပွဲစဉ် အဖြစ် မတ် ၁၇ ရက်၊ မြန်မာစံတော်ချိန် မွန်းလွဲ ၂း၃၀ အချိန်တွင် အီရန်အသင်းနှင့် ထပ်မံ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။




