
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီအစည်းအဝေး (၂ / ၂၀၂၂) ကျင်းပ
July 8, 2022
ကမ္ဘောဒီးယားကို အနိုင်ယူပြီး နိုင်ပွဲဆက်ခဲ့သည့် မြန်မာအမျိုးသမီးအသင်း
July 9, 2022အာဆီယံ ယူ- ၁၉ အမျိုးသား ချန်ပီယံရှစ် (AFF U-19 Boys Championship) ပြိုင်ပွဲအုပ်စု(က)၏ စတုတ္ထမြောက်ပွဲအဖြစ် မြန်မာယူ -၁၉ အသင်း နှင့် ဗီယက်နမ် ယူ-၁၉ အသင်းတို့ ယနေ့ (ဇူလိုင် ၈)တွင် အင်ဒိုနီးရှားနိုင်ငံ၊ဂျကာတာမြို့ရှိ Madya Senayan ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ ဗီ ယက်နမ်ယူ- ၁၉ အသင်းက (၃-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာအသင်းနည်းပြချုပ် ဦးစိုးမြတ်မင်းသည် ဟိန်းထက်စိုး(ဂိုး)၊ လန်းဆန်းအောင်၊ ဟိန်းဇော်နိုင်၊ အာကာကျော်၊ ဇော်ဝင်းသိန်း၊ချစ်အေး၊ မိုးဆွေ၊ လမင်းထွေး၊ ထွန်းထွန်းသိန်း၊ ဉက္ကာနိုင်၊ခန့်ဇော်ဟိန်းတို့ဖြင့် ပွဲထွက်ကာ ဗီယက်နမ်အသင်းအား ရင်ဆိုင်ခဲ့သည်။ ဗီယက်နမ်အသင်းတွင်လည်း လူစုံပါဝင်ခဲ့ပြီး ပွဲချိန် (၃) မိနစ်တွင် Nguyen Quoc Viet က ခေါင်းတိုက်ပြီး ဦးဆောင်ဂိုး သွင်းယူခဲ့သည်။

ယင်းနောက် မြန်မာအသင်းအနေဖြင့် ချေပဂိုးရရှိရေး ကြိုးစားခဲ့သော်လည်း ဗီယက်နမ်ကို ထိရောက်စွာ ဖိအားပေးနိုင်ခြင်း မရှိသောကြောင့် ပွဲချိန် ပထမပိုင်းအပြီးတွင် ( ၁-၀) ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။
ဒုတိယပိုင်းတွင် မြန်မာအသင်းသည် ကစားသမားအပြောင်းအလဲများ ပြုလုပ်ခဲ့သော်လည်း ဗီယက်နမ်အသင်းက ပွဲချိန် (၅၃) မိနစ်တွင် Khuat Van Khang နှင့် ပွဲချိန် မိနစ်(၉၀)တွင် Nguyen Quoc Viet တို့က ခေါင်းတိုက်ပြီး ဒုတိယအနိုင်ဂိုးနှင့် တတိယအနိုင်ဂိုးတို့ကို သွင်းယူခဲ့သည်။မြန်မာအသင်းအတွက် တစ်လုံးတည်းသောချေပဂိုးကို ဒုတိယပိုင်း ထပ်ဆောင်းအချိန်ပိုတွင် လမင်းထွေးက သွင်းယူခဲ့သည်။
မြန်မာ ယူ- ၁၉ အသင်းသည် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဇူလိုင် ၁၀ ရက်တွင် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
Group (A) Standing
| Pos | Team | Pld | W | D | L | GF | GA | GD | Pts |
|---|---|---|---|---|---|---|---|---|---|
| 1 | VIetnam | 4 | 3 | 1 | 0 | 11 | 2 | +9 | 10 |
| 2 | Thailand | 4 | 3 | 1 | 0 | 6 | 0 | +6 | 10 |
| 3 | Indonesia | 4 | 2 | 2 | 0 | 12 | 1 | +11 | 8 |
| 4 | Myanmar | 4 | 2 | 0 | 2 | 11 | 7 | +4 | 6 |
| 5 | Philippines | 4 | 0 | 0 | 4 | 3 | 13 | −10 | 0 |
| 6 | Brunei | 4 | 0 | 0 | 4 | 0 | 20 | −20 | 0 |
Photo Gallery












