
ဩစတြေးလျကို အရေးနိမ့်ခဲ့သော်လည်း ဆီမီးဖိုင်နယ် တက်ရောက်ခဲ့သည့် မြန်မာအမျိုးသမီး ယူ-၁၈ အသင်း
July 29, 2022
အာဆီယံ ယူ-၁၆ ပြိုင်ပွဲဝင်ရန် မြန်မာအသင်း အင်ဒိုနီးရှားသို့ထွက်ခွာ
July 30, 2022အင်ဒိုနီးရှားနိုင်ငံတွင် ဇူလိုင်လ ၃၁ ရက်မှ ဩဂုတ် ၁၂ ရက်နေ့ထိ ကျင်းပမည့် အာဆီယံ ယူ-၁၆ ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်း လူစာရင်းကို နည်းပြချုပ် ဦးအောင်ဇော်မျိုးက ထုတ်ပြန်ခဲ့သည်။
မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်း ဖွဲ့စည်းရန် မြန်မာဘောလုံး အကယ်ဒမီများမှ ကစားသမား ၄၂ ဦး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ကစားသမား ၁၅ ဦးခန့်ကို မေ ၁ ရက်နေ့မှ စတင်စမ်းသပ် ရွေးချယ်ခဲ့ပြီးနောက် မေလ ၂၀ ရက်နေ့တွင် ပဏာမ ကစားသမား ၃၀ ဦး ရွေးချယ်ကာ လေ့ကျင့်ပြင်ဆင်ခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် အသင်းအချို့အပါအဝင် တက္ကသိုလ်လက်ရွေးစင်အသင်း၊ ရန်ကုန်တိုင်းဒေသကြီး ယူ-၁၉ အသင်းတို့နှင့် အပတ်စဉ် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားပြီးနောက် အာဆီယံ ယူ-၁၆ ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်း ကစားသမား ၂၈ ဦးစာရင်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းသည် ဇူလိုင် ၃၀ ရက်နေ့တွင် ပြိုင်ပွဲကျင်းပရာ အင်ဒိုနီးရှားနိုင်ငံ၊ ယိုဂျာကာတာမြို့သို့ ထွက်ခွာမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းသည် အာဆီယံ ယူ-၁၆ ပြိုင်ပွဲ အုပ်စု (C)တွင် ဩစတြေးလျ၊ မလေးရှား၊ ကမ္ဘောဒီးယား အသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းအနေဖြင့် ဩဂုတ် ၂ ရက် မြန်မာစံတော်ချိန် နေ့လယ် (၂:၃၀) နာရီတွင် ဩစတြေးလျ၊ ဩဂုတ် ၅ ရက် ည ၆:၃၀ နာရီတွင် မလေးရှား၊ ဩဂုတ် ၈ ရက် နေ့လယ် (၂:၃၀) နာရီတွင် ကမ္ဘောဒီးယားတို့နှင့် ကစားရမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်း ကစားသမားစာရင်း
| ၁ | စိုင်းသီဟနိုင် | ဂိုး | မန္တလေးအကယ်ဒမီ |
| ၂ | ဆလိုင်းအံ့ဘွယ်မောင် | ဂိုး | မန္တလေးအကယ်ဒမီ |
| ၃ | မြင့်မြတ်ရန်နောင် | ဂိုး | ပုသိမ်အကယ်ဒမီ |
| ၄ | လင်းထက်ဦး | နောက်တန်း | မန္တလေးအကယ်ဒမီ |
| ၅ | နေလင်းထက် | နောက်တန်း | မန္တလေးအကယ်ဒမီ |
| ၆ | သူရဇော် | နောက်တန်း | မန္တလေးအကယ်ဒမီ |
| ၇ | လှထွန်း | နောက်တန်း | မန္တလေးအကယ်ဒမီ |
| ၈ | သက်နိုင်ဦး | နောက်တန်း | ပုသိမ်အကယ်ဒမီ |
| ၉ | ဟန်ထက်ဦး | နောက်တန်း | ပုသိမ်အကယ်ဒမီ |
| ၁၀ | မြတ်ဘုန်းခန့် | နောက်တန်း | ပုသိမ်အကယ်ဒမီ |
| ၁၁ | အောင်ကောင်းခန့် (၂) | နောက်တန်း | ပုသိမ်အကယ်ဒမီ |
| ၁၂ | နေလင်းထွန်း | နောက်တန်း | ISPE လွိုင်ကော် |
| ၁၃ | ကောင်းခန့်ဇော် | အလယ်တန်း | မန္တလေးအကယ်ဒမီ |
| ၁၄ | ကောင်းထက် | အလယ်တန်း | မန္တလေးအကယ်ဒမီ |
| ၁၅ | ဘရန်းဒွန်းလီ | အလယ်တန်း | မန္တလေးအကယ်ဒမီ |
| ၁၆ | နေမင်းထက် | အလယ်တန်း | မန္တလေးအကယ်ဒမီ |
| ၁၇ | ဟန်ထွန်းဇော် | အလယ်တန်း | မန္တလေးအကယ်ဒမီ |
| ၁၈ | ခွန်းချိုထူး | အလယ်တန်း | ပုသိမ်အကယ်ဒမီ |
| ၁၉ | ချစ်မြတ်နိုးဦး | အလယ်တန်း | ရန်ကုန်တိုင်းဒေသကြီး |
| ၂၀ | အောင်ဇော်မျိုး | အလယ်တန်း | ကရင်ပြည်နယ် |
| ၂၁ | ဝေလျှံရှိုင်း | ရှေ့တန်း | ပုသိမ်အကယ်ဒမီ |
| ၂၂ | ပြည့်စုံအောင် | ရှေ့တန်း | ပုသိမ်အကယ်ဒမီ |
| ၂၃ | အောင်ကောင်းခန့် (၁) | ရှေ့တန်း | ပုသိမ်အကယ်ဒမီ |
| ၂၄ | စိုင်းဇေယျာကျော် | ရှေ့တန်း | ရန်ကုန်အကယ်ဒမီ |
| ၂၅ | နိုင်လား | ရှေ့တန်း | မန္တလေးအကယ်ဒမီ |
| ၂၆ | ရှိုင်းဝဏ္ဏအောင် | ရှေ့တန်း | မန္တလေးအကယ်ဒမီ |
| ၂၇ | ထူးဝေယံ | ရှေ့တန်း | မန္တလေးအကယ်ဒမီ |
| ၂၈ | စောမျိုးဇော် | ရှေ့တန်း | ကရင်ပြည်နယ် |




