
ဂျပန် ဖိတ်ခေါ် ယူ – ၁၇ အမျိုးသမီးပြိုင်ပွဲတွင် ဂျပန်က မြန်မာကို (၄-၀) ဂိုးဖြင့် အနိုင်ရရှိ
March 17, 2023
2024 AFC Women’s Olympic Qualifying Tournament first round အတွက် MEDIA ACCREDITATION FORM များလျှောက်ထားနိုင်
March 20, 2023၂၀၂၄ အိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ အာရှဇုန် ပထမအဆင့် ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရမည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ပြိုင်ပွဲအကြို ခြေစမ်းလေ့ကျင့်ရေး အစီအစဉ်အဖြစ် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် မတ် ၁၇ ရက်က ကမ္ဘောဒီးယား အမျိုးသမီးလက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ (၄-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ပွဲထွက်လူစာရင်းတွင် မျိုးမြမြငြိမ်း၊ အိအိကျော်၊ ခင်မျိုးဝင်း၊ ဖြူဖြူဝင်း၊ အေးအေးမိုး၊ ပုံပုံပြည့်မောင်၊ ခင်မာ လာထွန်း၊နော်ထက်ထက်ဝေ၊ ရွှေရည်ထွန်း၊ ရူပါခိုင်၊ မြတ်နိုးခင်တို့ကို အသုံးပြုခဲ့ပြီး လူစားလဲမှုများအဖြစ် ပုံပုံပြည့်မောင်အစား ဂျူလိုင်ကျော်၊ ခင်မာလာထွန်းအစား မေစံပယ်ဖူး၊ ရူပါခိုင်အစား နန့်မေသဇင်၊ ရွှေရီထွန်းအစား စုပြည့်ပြည့်ကျော် ၊ ဖြူဖြူဝင်းအစား လင်းမြင့်မိုရ်တို့ကို လဲလှယ်အသုံးပြုခဲ့သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအတွက် အနိုင်ဂိုးများကို ပွဲချိန် ၂၄ မိနစ်တွင် ရူပါခင်၊ ပွဲချိန် ၃၅ မိနစ်နှင့် ၆၇ မိနစ်တို့တွင် ခင်မာလာထွန်း၊ ပွဲချိန်၄၃ မိနစ်တွင် ရွှေရီထွန်း တို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် တရုတ်နိုင်ငံတွင် ပဏာမ ကစားသမား ၂၄ဦးဖြင့် မတ် ၂၄ ရက်အထိ လေ့ကျင့်ခြေစမ်းမည်ဖြစ်ပြီး မတ် ၁၉ ရက်တွင် Sichuan FC အသင်း ၊ မတ် ၂၂ရက်တွင် Changchun FC အသင်းတို့နှင့်ခြေစမ်းပွဲများ ဆက်လက် ကစားသွားမည်ဖြစ်သည်။

၂၀၂၄ အိုလံပစ်ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို ၂၀၂၂ အမျိုးသမီးလိဂ်ပြိုင်ပွဲ အပြီး နိုဝင်ဘာလမှ စတင်ကာ ပဏာမ ကစားသမား (၃၅)ဦးဖြင့် စတင်လေ့ကျင့်ခဲ့ပြီးနောက် အိုလံပစ် ခြေစစ်ပွဲအတွက် ပဏာမ ကစားသမား ၂၄ ဦးကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

၂၀၂၄ ပါရီ အိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ အာရှဇုန် ခြေစစ်ပွဲ ပထမအဆင့်တွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အုပ်စု(B)တွင် အီရန်၊ ဘင်္ဂလားဒေ့ရှ်၊ မော်လ်ဒိုက်စ်တို့နှင့်အတူ တစ်အုပ်စုတည်း ကျရောက်နေပြီး မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပရန် စီစဉ်လျက်ရှိသည်။




