
ပြိုင်ပွဲကြီးကြပ်သူ (MC)သင်တန်း မန္တလေးမြို့တွင် ဖွင့်လှစ်
October 20, 2023
ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် မြောက်ကိုရီးယားကို မြန်မာအသင်း ရူံးနိမ့်
November 21, 2023အာရှဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် AFC Futsal level – 1 coaching Certificate Course သင်တန်း ဖွင့်ပွဲအခမ်းအနားကို ဘောလုံးအဖွဲ့ချုပ် သတင်းစာရှင်းလင်းပွဲ ခန်းမတွင် နိုဝင်ဘာ ၃ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။



အခမ်းအနားသို့ ဘောလုံးအဖွဲ့ချူပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ နည်းစနစ်ဒါရိုက်တာ ဦးတင်မြင့်အောင်၊ ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဒုဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်၊ သင်တန်းနည်းပြဆရာများ ဖြစ်သည့် ဦးဌေးမြင့်၊ ဦးတင်မောင်ဌေးနှင့် တာဝန်ရှိသူများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။


အခမ်းအနားတွင် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဒုဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်၊ သင်တန်းနည်းပြဆရာ ဦးဌေးမြင့် တို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့ပြီး စုပေါင်း အမှတ်တရ ဓါတ်ပုံ ရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
AFC Futsal level – 1 coaching Certificate Course သင်တန်းကို နိုဝင်ဘာ ၃ ရက်မှ ၈ ရက်အထိ ဖွင့်လှစ်သွားမည် ဖြစ်ပြီး သင်တန်းသား ၁၉ ဦး တက်ရောက်လျက်ရှိသည်။




