
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင် အစည်းအဝေး (၂/၂၀၂၃)ကျင်းပ
December 3, 2023
Japanese-Myanmar Interpreter Position
December 11, 2023MFF Goalkeeping “C” Certificate Coaching Course, Yangon သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၆ ရက် ညနေပိုင်းက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အစည်း အဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မတီ ဥက္ကဋ္ဌ ဦးတင်အောင်(ဂိုး)၊ အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ နည်းစနစ်ဒါရိုက်တာ ဦးတင်မြင့်အောင်၊ သင်တန်းဆရာများဖြစ်သည့် ဦးကိုကိုအောင်၊ ဦးစိန်အေး၊ ဦးယဉ်မင်းအောင်၊ ဌာနအသီးသီးမှ တာဝန်ရှိသူများ နှင့် သင်တန်းသားများ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် စည်းကမ်း ထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မတီ ဥက္ကဋ္ဌ ဦးတင်အောင်(ဂိုး)နှင့် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းတို့က သင်တန်းဆင်း အမှာစကား ပြောကြားခြင်း၊ သင်တန်းသားများအား သင်တန်းဆင်း လက်မှတ် ချီးမြှင့်ခြင်း၊ သင်တန်းဆရာ ၃ ဦးအား အမှတ်တရ ဂုဏ်ပြုလက်မှတ် ပေးအပ်ခြင်းများ ပြုလုပ်ခဲ့ကြပြီး အမှတ်တရ စုပေါင်း ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

သင်တန်းကို ဒီဇင်ဘာ ၁ ရက်မှ ၆ ရက်ထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသို့ လက်ရွေးစင် ဂိုးသမားဟောင်းများ၊ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများ၊ အကယ်ဒမီများ၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်နှင့် အပျော်တမ်းကလပ်အချို့မှ ဂိုးနည်းပြများ စုစုပေါင်း သင်တန်းသားဦးရေ ၂၂ ဦးတက်ရောက်ခဲ့သည်။








