MFF Future Referee Program ဖွင့်ပွဲကျင်းပ

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင် အစည်းအဝေး (၁/၂၀၂၄)ကျင်းပ
February 25, 2024
MFF ELECTION (TERM 2024-2028) ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ (၄၁)ဦး အမည်စာရင်း ထုတ်ပြန်ခြင်း
March 6, 2024

February 28, 2024

မြန်မာနိုင်ငံဘောလုံးအဖွဲချုပ်မှ ကြီးမှူး၍ ဒိုင်ကော်မတီ၊ ဒိုင်ဌာနတို ပူးပေါင်းကျင်းပသည့် MFF Future Referee Program (Youth Development) Module-I ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၈ရက် နံနက်ပိုင်းက သုဝဏ္ဏဘောလုံးကွင်း သတင်းစာရှင်းလင်းပွဲခန်းမတွင် ကျင်းပခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားကို မြန်မာနိုင်ငံဘောလုံးအဖွဲချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲချုပ် ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှအောင်၊ MNL CEO ဦးစိုးမိုးကျော် နှင့် MFF မှ တာဝန်ရှိသူများက တက်ရောက်ခဲ့ပါသည်။

အဆိုပါ မျိုးဆက်သစ်ဒိုင်သင်တန်းကို ဖေဖော်ဝါရီ ၂၈ရက်မှ မတ် ၁ရက် အထိ ကျင်းပမည်ဖြစ်ပြီး သင်တန်းသား ၁၂ဦးက တက်ရောက်လျက်ရှိပါသည်။

Related Posts