မြန်မာ့ဘောလုံးအားကစားတိုးတက်မြင့်မားလာစေရန်နှင့် အရည်အသွေးပြည့်ဝသည့် နိုင်ငံတကာအသိအမှတ်ပြုလိုင်စင်ရ ဂိုးနည်းပြဆရာများ ပေါ်ထွက်လာစေရန်ရည်ရွယ်လျှက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် Coach Education ဌာနမှကြီးမှူး၍ AFC/MFF Goalkeeping “C” Certificate Coaching Course (ဘောလုံးဂိုးနည်းပြသင်တန်း)ကို ၂၀၂၄ခုနှစ် အောက်တို ဘာလ(၃)ရက် မှ (၈)ရက်နေ့အထိ၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်သွား မည်ဖြစ်သည်။
အဆိုပါသင်တန်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ပေးအပ်သည့် သင်တန်း နည်းပြဆရာများမှ သင်ကြားပေးမည်ဖြစ်ပြီး အောက်ပါအရည်အချင်း သတ်မှတ်ချက်များနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ကြောင်း အသိပေးအပ်ပါသည်။
(က) အနည်းဆုံး MFF “D” Certificate အောင်လက်မှတ်ရရှိပြီးသူဖြစ်ရမည်။
( ခ) ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာကလပ်၊ အသင်း၊ ဝန်ကြီးဌာန၊ အဖွဲ့အစည်း၏ ထောက်ခံစာပါရမည်။
( ဂ) ကျန်းမာရေးကောင်းမွန်ပြီး စာတွေ့/လက်တွေ့လေ့ကျင့်မှုများ လုပ်ဆောင်နိုင် သူဖြစ်ရမည်။
(ဃ) လက်ရှိနည်းပြတာဝန်ထမ်းဆောင်နေသူများကို ဦးစားပေးရွေးချယ်မည်။
( င) သင်တန်းကာလပြီးဆုံးသည်အထိ တက်ရောက်နိုင်သူဖြစ်ရမည်။
( စ) အင်္ဂလိပ်ဘာသာကို အတော်အသင့်နားလည်သူဖြစ်ရမည်။
(ဆ) ကွန်ပျူတာဗဟုသုတရှိရမည်ဖြစ်ပြီး Powerpoint ဖြင့် တင်ပြဆွေးနွေးနိုင် ရမည်။
( ဇ) သင်တန်းတက်ရောက်ရန် ရွေးချယ်ခြင်းခံရသူများသည် သင်တန်းဝင်ကြေး အဖြစ် နိုင်ငံသားတစ်ဦးလျှင် မြန်မာငွေကျပ်နှစ်သိန်း (၂၀၀,၀၀ဝိ/-)၊ နိုင်ငံခြားသားတစ်ဦးလျှင် အမေရိကန်ဒေါ်လာတစ်ထောင့်ငါးရာ (USD 1500)ကို ပေးသွင်းရမည်ဖြစ်သည်။
သက်ဆိုင်ရာတိုင်းနှင့်ပြည်နယ်အသီးသီးရှိ ကလပ်အသင်းများ၊ ဝန်ကြီးဌာနအသင်းများ၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်များနှင့် ဒေသအသီးသီးမှ အထက်ပါအရည်အချင်း သတ်မှတ်ချက် များနှင့် ကိုက်ညီသူများသည် ပူးတွဲပါပုံစံကို ပြည့်စုံစွာဖြည့်စွက်၍ စက်တင်ဘာ ၄ရက် ညနေ(၄)နာရီနောက်ဆုံးထားပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ နည်းပြပညာရေးဌာန (Coach Education)သို့ ပေးပို့လျှောက်ထားရန်ဖြစ်ပါသည်။
သင်တန်းသားဦးရေကန့်သတ်ချက်ရှိပါသဖြင့် သတ်မှတ်ရက်အမီပေးပို့ခြင်းမရှိသည့် သင်တန်းလျှောက်လွှာများအား ထည့်သွင်းစဥ်းစားမည် မဟုတ်ပါကြောင်းနှင့် သင်တန်း တက်ရောက်ရန် ရွေးချယ်ခြင်းခံရသည့် သင်တန်းသားအမည်စာရင်းအား အချိန်မီပြန်လည် အကြောင်းကြားပေးမည်ဖြစ်ပါသည်။
Download Here—- https://the-mff.org/wp-content/uploads/2024/08/Application-Form-_GK-C.pdf





