မြန်မာနှင့် လာအိုအသင်းတို့ ပွဲစဉ်အတွက် ပွဲကြို သတင်းစာရှင်းလင်းပွဲ ပြုလုပ်
ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းတွင် ဒီဇင်ဘာ (၃၀) ရက်၌ ကျင်းပမည့် ၂၀၂၂ အာဆီယံချန်ပီယံရှစ် AFF Mitsubishi Electric Cup 2022 ပြိုင်ပွဲ အုပ်စု(ခ) ပွဲစဉ်ဖြစ်သည့် မြန်မာ့လက်ရွေးစင်အသင်းနှင့် လာအိုလက်ရွေးစင်အသင်းတို့ ပွဲစဉ်အတွက် ပွဲကြို သတင်းစာရှင်း လင်းပွဲကို ဒီဇင်ဘာ (၂၉) ရက် နေ့လယ်ပိုင်းက သုဝဏ္ဏ အားကစားကွင်းအတွင်းရှိ သတင်းစာရှင်းလင်းပွဲခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ ပွဲကြိုသတင်းစာရှင်းလင်းပွဲ မတိုင်မီ Match Coordinating Meeting ကျင်းပပြုလုပ်ခဲ့ရာ အာဆီယံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ မြန်မာ့လက်ရွေးစင်အသင်းနှင့် လာအိုလက်ရွေးစင် အသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ပြိုင်ပွဲနှင့်ပတ်သက်သည့် အကြောင်း အရာများကို ဆွေးနွေးခဲ့သည်။ ယင်းနောက်သတင်းစာရှင်းလင်းပွဲကို ဆက်လက်ကျင်းပရာ မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်အန်တွမ်နီဟေးနှင့် နောက်ခံကစားသမား ဒေးဗစ်ထန်း၊ လာအို အသင်းနည်းပြချုပ် Hans […]