မြန်မာယူ၂၂ အသင်း ဆီးဂိမ်းစ် ပြိုင်ပွဲကျင်းပရာ ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိ

The MFF » Latest Activities » မြန်မာယူ၂၂ အသင်း ဆီးဂိမ်းစ် ပြိုင်ပွဲကျင်းပရာ ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိ

April 28, 2023 / By Admin

ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၃၂ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် (ဆီးဂိမ်းစ်) အမျိုးသား ဘောလုံးပြိုင်ပွဲဝင် မြန်မာ ယူ၂၂ အသင်းသည် ယနေ့ည (၇)နာရီက ရန်ကုန်မြို့မှ ထွက်ခွာခဲ့ရာ မြန်မာစံတော်ချိန် ည (၁၁း၀၀)နာရီတွင် ဖနွမ်းပင် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့သည်။ မြန်မာ ယူ၂၂ အသင်းသည် အိမ်ရှင်နိုင်ငံ၏ စီစဉ်မှုဖြင့် ဖနွမ်းပင်ဟိုတယ်တွင် အခြားသော ပြိုင်ပွဲဝင် အသင်းများနှင့်အတူ တည်းခိုနေထိုင်ပြီး လေ့ကျင့်မှုများပြုလုပ်မည် ဖြစ်သည်။ မြန်မာ ယူ ၂၂ အသင်း အနေဖြင့် ဆီးဂိမ်းစ် အမျိုးသား ဘောလုံး အုပ်စု(က)တွင် အိမ်ရှင် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ အရှေ့တီမော၊ ဖိလစ်ပိုင် အသင်းတို့နှင့်အတူ ကျရောက်နေပြီး အုပ်စုပွဲစဉ်များ အားလုံး ကမ္ဘောဒီးယား အမျိုးသား အားကစားကွင်းတွင် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။

အိမ်ရှင် ကမ္ဘောဒီးယားနိုင်ငံ အနေဖြင့် ပွဲစဉ်များအား အခမဲ့ကြည့်ရှု့နိုင်မည့် ဆိုရှယ်မီဒီယာများမှ တိုက်ရီုက် ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

2023 SEA Games ပြိုင်ပွဲဝင် မြန်မာ အမျိုးသား ယူ၂၂ အသင်း ဖနွမ်းပင် နိုင်ငံတကာ လေဆိပ်သို့ ရောက်ရှိလာချိန် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသံရုံးမှ သံအမတ်ကြီးနှင့်အဖွဲ့ လာရောက်ကြိုဆိုစဉ်

မြန်မာ ယူ၂၂ အသင်း ပွဲစဉ်များ
၂ မေ ၂၀၂၃ (မြန်မာအချိန် ၃း၃၀ နာရီ) မြန်မာ နှင့် အရှေ့တီမော
၄ မေ ၂၀၂၃ (မြန်မာအချိန် ၃း၃၀ နာရီ) အင်ဒိုနီးရှား နှင့် မြန်မာ
၇ မေ ၂၀၂၃ (မြန်မာအချိန် ၆း၃၀ နာရီ) ကမ္ဘောဒီးယား နှင့် မြန်မာ
၁၀ မေ ၂၀၂၃ (မြန်မာအချိန် ၃း၃၀ နာရီ) ဖိလစ်ပိုင် နှင့် မြန်မာ

မြန်မာ ယူ၂၂ အသင်း နည်းပြ/အုပ်ချုပ် အဖွဲ့

အသင်း မန်နေဂျာ – ဦးစည်သူဝင်း
နည်းပြချုပ် – Michael Feichtenbeiner
လက်ထောက်နည်းပြများ – Baumann Lorenz ၊ ဦးဇော်ဝင်းထွန်း
ဂိုးနည်းပြများ – Kost Mike Andre ၊ ဦးဇော်လင်းအောင်

ကာယကြံ့ခိုင်ရေးနည်းပြ- Horlock Richard Arif
အသင်းဆရာဝန် – ဒေါက်တာကျော်သန့်ဇင်
ပြန်ကြားရေးတာဝန်ခံ – ဦးဇော်မင်းထိုက်
Physiotherapist – ဦးသူရတိုး
Video Analysis – ဦးစောရဲမွန်
KIt Manager – ဦးသက်ဆွေ

အပြီးသတ် ကစားသမား စာရင်း