ပြိုင်ပွဲကြီးကြပ်သူ (MC)သင်တန်း မန္တလေးမြို့တွင် ဖွင့်လှစ်

The MFF » Activities » ပြိုင်ပွဲကြီးကြပ်သူ (MC)သင်တန်း မန္တလေးမြို့တွင် ဖွင့်လှစ်

October 20, 2023 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ပြိုင်ပွဲကြီးကြပ်သူ Match Commissioner (MC) Course – Mandalay 2023 ကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့ ရွှေမန်းတောင် အားကစားကွင်းတွင်ကျင်းပခဲ့သည်။ MC သင်တန်းသို့ မြို့နယ်ပေါင်း ၂၈ မြို့နယ်မှ ဒေသခံ သင်တန်းသား စုစုပေါင်း ၃၉ ဦး တက်ရောက်လျှက်ရှိပြီး ၃ ရက်ကြာ သင်ကြားပို့ချမည် ဖြစ်သည်။

မြန်မာနိုင်ငံ ‌ဘောလုံး အဖွဲ့ချုပ် အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင်ကျင်းပလျှက်ရှိသော ပြိုင်ပွဲများ စနစ်တကျ ကျင်းပစေနိုင်ရေး အတွက် အဆိုပါ သင်တန်းအား ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်သည်။