May 8, 2022

ဆီးဂိမ်းစ်အဖွင့်ပွဲစဉ်တွင် အရှေ့တီမောအသင်းကို အနိုင်ရရှိခဲ့သည့် မြန်မာအသင်း

ဗီယက်နမ်နိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့် ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(က)ပွဲစဉ်တစ်ပွဲ အဖြစ် မြန်မာယူ-၂၃အသင်းနှင့် အရှေ့တီမော ယူ-၂၃အသင်း တို့ မေ ၈ရက်က Viet Tri Stadium တွင် ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ၃-၂ ဂိုး ဖြင့်အနိုင်ရရှိခဲ့သည်။ […]
May 5, 2022

ဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာယူ-၂၃အသင်း အပြီးသတ်လူစာရင်း

ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့်ပြုလုပ်မည့် (၃၁)ကြိမ်မြောက်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်ယူ-၂၃အသင်း၏ အပြီးသတ်လူစာရင်းကို နည်းပြချုပ် ဗယ်လီဇာပိုပေါ့ဗ်က မေ ၅ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။ မြန်မာ့လက်ရွေးစင်ယူ-၂၃အသင်း၏ အပြီးသတ်လူစာရင်းတွင် သက်ကျော်ကစားသမား (၃)ဦးအပါအဝင် စုစုပေါင်း (၂၀)ဦးကို ရွေးချယ်ထားသည်။သက်ကျော်ကစားသမားအဖြစ် နောက်ခံလူ […]
May 5, 2022

ဆီးဂိမ်းစ်ပြိုင်ပွဲအုပ်စု(က)၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲကျင်းပ

ဗီယက်နမ်နိုင်ငံတွင်အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၁)ကြိမ်မြောက်ဆီးဂိမ်းစ်ပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(က)၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို မေ ၅ရက်က Muong Thang Phu Tho Hotel တွင် ကျင်းပပ​ြုလုပ်ခဲ့ပါသည်။ အဆိုပါ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို အုပ်စု(က)တွင် ပါဝင်ယှဉ်ပြိုင်မည့် ဗီယက်နမ်၊ […]
May 3, 2022

ဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာယူ-၂၃အသင်း ဗီယက်နမ်နိုင်ငံတွင် လေ့ကျင့်ရေးအစီအစဉ်များစတင်

(၃၁)ကြိမ်မြောက်ဆီးဂိမ်းစ် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ သို့ရောက်ရှိနေသော မြန်မာ့လက်ရွေးစင် ယူ-၂၃အသင်းသည် လေ့ကျင့်ရေးအစီအစဉ်များကို စတင်ပြုလုပ်နေပြီဖြစ်သည်။ ဆီးဂိမ်းစ်အကြိုပြင်ဆင်မှုအဖြစ် ယူအေအီးနိုင်ငံတွင် ဒူဘိုင်းတွင်သွားရောက်လေ့ကျင့်ခဲ့သော မြန်မာယူ-၂၃အသင်းသည် မေ ၁ရက်နေ့က ဗီယက်နမ်နိုင်ငံသို့ရောက်ရှိလာခဲ့ပြီး ပြည်ပလိဂ်များတွင် သွားရောက်ကစားနေသည့် မောင်မောင်လွင်၊ အောင်ကောင်းမာန်၊ […]
April 22, 2022

ဆီးဂိမ်းစ်အတွက် အပြီးသတ်လူစာရင်းကို မေ ၅ရက်တွင် ကြေညာမည်

လာမည့် မေလအတွင်း ဗီယက်နမ်နိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်) အတွက် အပြီးသတ်လူစာရင်းကို မေ ၅ရက်တွင် တရားဝင်ကြေညာမည်ဟု နည်းပြချုပ် ပိုပေါ့ဗ်က ဆိုသည်။ မြန်မာ့လက်ရွေးစင်ယူ-၂၃အသင်းသည် လက်ရှိတွင် ဆီးဂိမ်းစ်အကြိုပြင်ဆင်မှုအဖြစ် ယူအေအီးနိုင်ငံ၊ ဒူဘိုင်းတွင် […]
February 15, 2022

COVID 19 ကြောင့် အာဆီယံ ယူ၂၂ ချန်ပီယံရှစ် ပြိုင်ပွဲမှ မြန်မာ့လက်ရွေးစင် ယူ၂၂ အသင်း နှုတ်ထွက်

မြန်မာ့လက်ရွေးစင် အမျိုးသား ယူ၂၂ အသင်းသည် အာဆီယံ ဘောလုံးအဖွဲ့ချုပ် (AFF)က ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပမည့် ၂၀၂၂ ခုနှစ် အာဆီယံ အမျိုးသား ယူ၂၂ ချန်ပီယံရှစ်ပြိုင်ပွဲ AFF […]
January 11, 2022

အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲအတွက် လေ့ကျင့်ရေးအစီအစဉ်များစတင်ပြုလုပ်နေသည့် မြန်မာယူ-၂၃အသင်း

မြန်မာ့လက်ရွေးစင်ယူ-၂၃အသင်းသည် လာမည့် ဖေဖော်ဝါရီလအတွင်းကျင်းပမည့် အာဆီယံယူ-၂၃ချန်ပီယံရှစ်ပြိုင်ပွဲအတွက် လေ့ကျင့်ရေးအစီအစဉ်များကို ဇန်နဝါရီ ၁၀ရက်နေ့က စတင်ပြုလုပ်ခဲ့သည်။ မြန်မာယူ-၂၃အသင်းကို ပဏာမလက်ရွေးစင် ကစားသမား ၃၀ဦးဖြင့် ဖွဲ့စည်းထားပြီး သုဝဏ္ဏလက်ရွေးစင်အဆောင်တွင် ကိုဗစ် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စခန်းသွင်းလေ့ကျင့်လျက်ရှိပါသည်။နည်းပြချုပ်အဖြစ် ဗယ်လီဇာပိုပေါ့ဗ်က တာဝန်ယူကိုင်တွယ်လျက်ရှိပြီး မနက်တစ်ကြိမ်၊ […]
March 10, 2020

မြန်မာ့ လက်ရွေးစင် အသင်းနှင့် ယူ၂၁ အသင်း ပဏာမ ကစားသမားစာရင်း နည်းပြချုပ်များထုတ်ပြန်

မြန်မာ့လက်ရွေးစင် အမျိုးသား အသင်းနှင့် အမျိုးသား ယူ၂၁ အသင်းတို့သည် လာမည့် နိုင်ငံတကာ ပြိုင်ပွဲအသီးသီးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်သွားမည် ဖြစ်ရာ ပဏာမ ကစားသမား စာရင်းအား အသီးသီး ထုတ်ပြန်ကြေညာလိုက်သည်။ မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် အန်တွမ်နီဟေး […]