
နှစ်ပွဲဆက် အနိုင်ရလဒ် ရယူပြီး အုပ်စု(ခ)ကို ဦးဆောင်နိုင်ခဲ့သည့် မြန်မာယူ-၁၉ အသင်း
July 8, 2018
MFF MYANMAR FUTSAL LEAGUE 2018 ခြေစစ်ပွဲစဉ်များ စတင်ကျင်းပ
July 9, 2018လူငယ် မျိုးဆက်သစ် ကစားသမားကောင်းများ ပေါ်ထွက်ရေး၊ လူငယ် ကစားသမားများ နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြုံ ရရှိရေးနှင့် လူငယ် မျိုးဆက်သစ် စဉ်ဆက်မပြတ် ပြုစုပျိုးထောင်ရေး တို့အတွက် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၊ ဂျပန် ဘောလုံးအဖွဲ့ချုပ် နှင့်ထိုင်း ဘောလုံးအဖွဲ့ချုပ်တို့ အတူတကွ ပူးပေါင်းဆောင်ရွက်သည့် အနေဖြင့် အသက် ၁၄ နှစ်အောက် အကယ်ဒမီဘောလုံး ပွဲတော်တစ်ရပ်ကို ရန်ကုန်မြို့ မြန်မာ အမျိုးသား ဘောလုံး အကယ်ဒမီတွင် လာမည့် သြဂုတ်လ ၅ ရက်နေ့မှ ၉ ရက်နေ့အထိ နေ့စဉ်ကျင်းပသွားမည် ဖြစ်သည်။
အဆိုပါ ဘောလုံးပွဲတော်တွင် မြန်မာ ယူ၁၄ အကယ်ဒမီ (A) နှင့် (B) နှစ်သင်း၊ ဂျပန် ဖူကူရှီးမား အကယ်ဒမီ ယူ၁၄ အသင်းနှင့် ထိုင်း ယူ၁၄ လက်ရွေးစင် အသင်းတို့ လေးသင်းပတ်လည် ယှဉ်ပြိုင် ကစားကြမည်ဖြစ်သည်။ လေးသင်း ပတ်လည် ပွဲစဉ်များကို သြဂုတ်လ (၆) ရက်နေ့မှ (၈) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကာ သြဂုတ်လ (၉)ရက်နေ့တွင် ဗိုလ်လုပွဲနှင့် တတိယနေရာ လုပွဲများ ကျင်းပသွားမည်ဖြစ်သည်။
MFF အနေဖြင့် ၂၀၁၈ ယူ၁၄ အကယ်ဒမီ ဘောလုံးပွဲတော် မစတင်မီ အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်)၊ မြန်မာ ဘောလုံးအကယ်ဒမီ (မန္တလေး)၊ ပုသိမ် ဘောလုံး အကယ်ဒမီ နှင့် တပ်မတော် ဘောလုံးအကယ်ဒမီ (နေပြည်တော်) တို့မှ ယူ ၁၃၊ ယူ၁၄၊ ယူ၁၆ အရွယ်အသင်းပေါင်း ၁၁ သင်းပါဝင်သည့် မြန်မာဘောလုံး အကယ်ဒမီများ ချစ်ကြည်ရေး ပြိုင်ပွဲကိုလည်း ယခုလ ၇ ရက်နေ့မှ သြဂုတ်လ ၂၅ ရက်နေ့အထိ ရန်ကုန်၊ မန္တလေး၊ ပုသိမ်၊ နေပြည်တော် တို့တွင် အိမ်ကွင်း၊ အဝေးကွင်း ပုံစံဖြင့် ကျင်းပလျက်ရှိသည်။ မြန်မာ ဘောလုံးအကယ်ဒမီများ ချစ်ကြည်ရေး ပြိုင်ပွဲကို ယခင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက Inter Academy Friendly Matches အဖြစ် ပထမဆုံးအကြိမ် စတင်ကျင်းပခဲ့ခြင်း ဖြစ်ပြီး ယခုနှစ်သည် ဒုတိယ အကြိမ် ကျင်းပခြင်း ဖြစ်သည်
N16(A)- Nay Pyi Taw U16 (A) / N16(B) Nay Pyi Taw U16 (B)
N14(A)- Nay Pyi Taw U14 (A)
M14 (A) – Mandalay Academy U14(A) / M14 (B) – Mandalay Academy U14 (B)
M13 (A) – Mandalay Academy U13(A) / M13 (B) – Mandalay Academy U13 (B)
M12 (A) – Mandalay Academy U12(A) / M12 (B) – Mandalay Academy U12 (B)
Y13 (A) – Yangon Academy U13 (A) / Y13 (B) – Yangon Academy U13 (B)
P 15 (A) -Pathein Academy U15 (A) / P15 (B) – Pathein Academy U15 (B)
P 12 (A) -Pathein Academy U12 (A) / P12 (B) – Pathein Academy U12 (B)