
ASEAN Futsal Championship 2026 အတွက် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း ပွဲကြိုသတင်းစာရှင်းလင်းပွဲ တက်ရောက်
April 5, 2026




မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်ရှယ်လိဂ် ကော်မတီ အစည်းအဝေးကို ယနေ့ ဧပြီလ ၅ ရက် မနက်ပိုင်းက ရန်ကုန်မြို့ရှိ Novotel Yangon Max Hotel တွင် ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးအစီအစဉ်အရ(၂၃.၃.၂၀၂၆) ရက်နေ့တွင် ကွယ်လွန်သွားခဲ့သော မြန်မာ့လက်ရွေးစင်ကစားသမားဟောင်း၊ လက်ရွေးစင်အသင်းနည်းပြချုပ်ဟောင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူးဟောင်းနှင့် နည်းစနစ်ကော်မတီဥက္ကဋ္ဌ ဖြစ်သူ ဦးတင်မြင့်အောင် အတွက် တစ်မိနစ်ငြိမ်သက်ကာ ဂုဏ်ပြုဆုတောင်းခြင်း အစီအစဉ်ကို ပြုလုပ်ခဲ့သည်။
မြန်မာနေရှင်နယ်လိဂ် ကော်မတီ အစည်းအဝေးတွင် လိဂ်ကော်မတီအား ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ရာ မြန်မာ အမျိုးသားလိဂ် MNL ပိုမို တိုးတက်ကောင်းမွန်ရေးအတွက် ဥက္ကဌ ဦးဇော်မင်းသိန်းနှင့်အတူ ဒုတိယ ဥက္ကဌ(၁)နှင့် အမှုဆောင်အရာရှိချုပ်(CEO) အဖြစ် ဦးကိုကိုသိန်း(ယခင် MFF အထွေထွေအတွင်းရေးမှူး)၊ ဒုတိယ ဥက္ကဌ (၂) အဖြစ် ဦးစိုးမိုးကျော်၊MNL အမျိုးသားလိဂ် ပြိုင်ပွဲကျင်းပရေး Chief Operating Officer-COO အဖြစ် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးစည်သူဝင်း၊ MWL မြန်မာ အမျိုးသမီးလိဂ် ပြိုင်ပွဲကျင်းပရေး Chief Operating Officer-COO အဖြစ် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (Vice Chairman of MFF Media and Communications Committee ) ဦးမိုးဝေအောင် တို့အား ခန့်အပ်တာဝန်ပေးခဲ့သည်။
လာမည့် ရာသီသစ်အတွက် MNL မှ ပြင်ဆင်မှုများ ပြုလုပ်ရာတွင် ယခင်နှစ်များထက် ပိုမိုတိုးတက်ကောင်းမွန်စေရန် MNL နှင့် ကလပ်များ ဆွေးနွေးခဲ့သည်။ ရတနာပုံ အသင်းကဲ့သို့ MNL တည်ထောင်ရာတွင် ပါဝင်ခဲ့သည့် ပရိသတ် အားပေးမှုရှိသော အင်အားကောင်းသည့် အသင်းများ အခြေခံမှအစ ပြန်လည်ဖွဲ့စည်း ပြုပြင်ပြောင်းလဲမှုများ၊ ရတနာပုံ၏ မန္တလေး အခြေစိုက် အမျိုးသမီး ကလပ်အသင်း တည်ထောင်ပါဝင် ယှဉ်ပြိုင်မှုများ၊ဟံသာဝတီ အသင်းအပါအဝင် အိမ်ကွင်း/အဝေးကွင်း လက်ခံ ကစားရေး စီစဉ်နေမှုများ၊ AFC သတ်မှတ်ချက်များအတိုင်း အဆင့်မီရန် ဖြည့်တင်း ဆောင်ရွက်မှုများအား ဆွေးနွေးခဲ့သည်။ လိဂ်ကော်မတီ အနေဖြင့် MNL စတင်ခဲ့သည့်အချိန်မှ ယနေ့အထိ လူအားငွေအား ပူးပေါင်းပါဝင်ပံ့ပိုးပေးခဲ့သည့် ရတနာပုံ အသင်းပိုင်ရှင်နှင့် MFF Vice President ၊ MFF နာယက ဒေါက်တာ စိုင်းဆမ်ထွန်း အား အထူးကျေးဇူးတင်ရှိပါကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ကြသည်။
အလားတူ MNL နှင့် MFF အပါအဝင် သက်တမ်းအလိုက် ပြိုင်ပွဲများတွက် အသက်၊ စာရင်းအချက်အလက် လှည့်ဖျားပါဝင်ကစားမှုများအား ပြတ်သားစွာ အရေးယူရန်၊ မြန်မာ့ ဘောလုံးလောကအား နစ်နာစေမည့် အဂတိမှုများအတွက် တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူသွားရန် ဦးစားပေး ဆွေးနွေးခဲ့ပါသည်။
အစည်းအဝေးတွင် လာမည့် MNL ရာသီသစ်အား အိမ်ကွင်း/အဝေးကွင်း အပါအဝင် အမျိုးသားလိဂ်၊ အမျိုးသမီးလိဂ်များအား ပို၍ ကောင်းမွန်သော ရာသီသစ် ဖြစ်လာရန် ကြိုးပမ်းမည် ဖြစ်ရာ MNL-MFF အပြင် Forever Media Group ကဲ့သို့ မီဒီယာ ပံ့ပိုးမှုများ၊ Sponsorship/ Promotion လုပ်ငန်းများ၊ ငွေကြေး သုံးစွဲ စီမံခန့်ခွဲမှုများ အပါအဝင် ပို၍ ပွင့်လင်းထင်သာရေး အတွက် ဆောင်ရွက်မှုများ ပိုမိုတိုးတက်ရန် ကြိုးပမ်းသွားမည် ဖြစ်သည်။