AYA Bank သင်တန်းကျောင်း အဆောက်အဦနှင့် MFF အမျိုးသား ဘောလုံး အကယ်ဒမီတို့အား Covid 19 စောင့်ကြပ် ကြည့်ရှုခံရသူများ ထားရှိရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့်အတူ ပါဝင်ကူညီ ဆောင်ရွက်သွားမည်

ပဏာမ မြန်မာ့လက်ရွေးစင် အသင်း ရက်တိုလေ့ကျင့်မှု ပြီးဆုံး

March 17, 2020

MFF is helping the process of “ready for Quarantine”

March 27, 2020

March 23, 2020

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) နှင့် AYA Bank တို့၏ အဆောက်အဦများ ဖြစ်ကြသည့် တာမွေမြို့နယ်ရှိ AYA Bank သင်တန်းကျောင်းနှင့် ဝေဇယန္တာလမ်းမကြီးပေါ်ရှိ အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်) တို့တွင် ပြည်ပမှ ပြန်လည်ရောက်ရှိလာမည့် Covid 19 စောင့်ကြပ်ကြည့်ရှုခံမည့်သူများအား ယနေ့ညပိုင်းမှ စတင်ကာ ထားရှိနိုင်ရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် တာဝန်ရှိသူများ၊ ဦးဇော်ဇော်နှင့် ဧရာဝတီ ဖောင်ဒေးရှင်း တာဝန်ရှိသူများ ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ရန်ကုန်တိုင်း ဒေသကြီး လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်၊ MFF ဥက္ကဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများ အနေဖြင့် ယနေ့မနက်ပိုင်းမှ စတင်ကာ အထက်ဖော်ပြပါ နေရာများအား သွားရောက် စစ်ဆေးကြည့်ရှု၍ စောင့်ကြပ် ကြည့်ရှုခံမည့်သူများ ယနေညပိုင်းမှ စတင်ကာ နေထိုင်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ခဲ့ကြသည်။

Covid19 စောင့်ကြပ် ကြည့်ရှုခံမည့်သူများအတွက်တာမွေမြို့နယ်ရှိ AYA Bank သင်တန်းကျောင်းတွင် ဦးရေ ၁၅၀ ကျော်နှင့် MFF အမျိုးသား ဘောလုံး အကယ်ဒမီတွင် ဦးရေ ၅၀ ကျော် ထားရှိနိုင်မည်ဖြစ်သည်။

အဆိုပါ စောင့်ကြပ်ကြည့်ရှု ခံမည့်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက တာဝန်ယူသွားမည် ဖြစ်ပြီး ယင်းတို့အတွက် တည်းခို စားသောက်ရေးနှင့် လုံခြုံမှုရှိ‌‌ရေးအတွက် ဧရာဝတီ ဖောင်ဒေးရှင်းက ပါဝင်ကူညီ ဆောင်ရွက်သွားမည် ဖြစ်သည်။

ဧရာဝတီ ဖောင်ဒေးရှင်း အနေဖြင့် ပြီးခဲ့သည့် မတ်လ ၁၈ ရက်ကလည်း ဝေဘာဂီ ဆေးရုံကြီးနှင့် ရန်ကင်း ကလေးဆေးရုံကြီးတို့တွင် Covid 19 ကုသ‌‌ ကာကွယ်ရေး လုပ်ငန်းများအတွက် ကျပ်သိန်းပေါင်း ၁၀၀၀ အား ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနသို့ လှူဒါန်းခဲ့သည်။

Related Posts