အာရှဘောလုံးအဖွဲ့ချုပ် Online CSR Ambassador Course သင်တန်းဖွင့်ပွဲတွင် ဦးဇော်ဇော် အဖွင့်မိန့်ခွန်း ပြောကြား

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒိုင်ကော်မတီ အစည်းအဝေးကျင်းပ
July 7, 2020
မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် နည်းစနစ် ကော်မတီ (၂/၂၀၂၀) အစည်းအဝေးကျင်းပ
July 17, 2020

July 8, 2020

အာရှဘောလုံးအဖွဲ့ချုပ် Online CSR Ambassador Course သင်တန်းဖွင့်ပွဲတွင် ဦးဇော်ဇော် အဖွင့်မိန့်ခွန်း ပြောကြား
—————-
အာရှဘောလုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ တာဝန်ယူဆောင်ရွက်နေသည့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်သည် AFC နှင့် Aurora တို့ ပူးပေါင်း၍ စတင်ပို့ချလျက်ရှိသော Virtual Social Responsibility Summer School ၏ Online CSR Ambassador Course တွင် ဘာရိန်း၊ အီရတ်၊ အီရန်၊ ဂျော်ဒန်၊ ကူဝိတ်၊ လက်ဘနွန်၊ အိုမန်၊ ပါလက်စတိုင်း၊ ကာတာ၊ ဆော်ဒီအာရေဗီးယား၊ ဆီးရီးယား၊ ယူအေအီး၊ ယီမန်နိုင်ငံများမှ သင်တန်းသားများကို အွန်လိုင်းမှ တစ်ဆင့် အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။
Pilot သင်တန်းအဖြစ် စတင်ခဲ့သည့် အဆိုပါ သင်တန်းသို့ အာရှ အနောက်နိုင်ငံများမှ ၁၆-၁၇နှစ်အရွယ် လူငယ်များ တက်ရောက် သင်ကြားလျက်ရှိသည်။ ယင်းသင်တန်းမှ လူငယ် သံတမန်များကို ရွေးချယ်ကာ Covid-19 အကျပ်အတည်း ကာလတွင်း လူငယ်များ ရင်ဆိုင်ကြုံတွေ့ နေရသည့် စိုးရိမ်သောကများ၊ စိတ်ရှုပ်ထွေးမှုများ၊ ဖိအားများ ပြေလျော့စေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်စေမည် ဖြစ်သည်။
Covid-19 ကြောင့် အာရှနိုင်ငံများတွင် Lock Down ချထားခြင်း၊ ကျောင်းများ ပိတ်ထားခြင်း အပြင် အားကစား လှုပ်ရှားမှုများပါ ကန့်သတ်ထားခြင်းကြောင့် လူငယ်များ အတွက် ယခင်က မကြုံတွေ့ဖူးသည့် အခြေအနေ အကျပ်အတည်းများနှင့် ရင်ဆိုင်နေရခြင်း ဖြစ်ရာ ယခု အစီအစဉ်သည် ဦးဇော်ဇော် ကော်မတီဥက္ကဋ္ဌအဖြစ် ဦးဆောင်နေသည့် အာရှ ဘောလုံးအဖွဲ့ချုပ်၊ လူမှုရေးရာကော်မတီ၏ ကြိုးပမ်း ဆောင်ရွက်မှု တစ်ခုလည်း ဖြစ်သည်။

Related Posts