AFC နှင့် MFF တို့ ပူးပေါင်းပြီး ကြံ့ခိုင်ရေးနည်းပြသင်တန်းဖွင့်လှစ်
June 11, 2022အာရှခြေစစ်ပွဲ အုပ်စု နောက်ဆုံးပွဲစဉ်တွင် စင်ကာပူ အသင်းအား မြန်မာအသင်း အရေးနိမ့်ခဲ့
June 14, 2022အာရှဖလား ၂၀၂၃ ခြေစစ်ပွဲ နောက်ဆုံးအဆင့် အုပ်စု (F ) ဒုတိယ ပွဲစဉ်အဖြစ် ဇွန် (၁၁) ရက်က အိမ်ရှင် ကာဂျစ္စတန် အသင်းနှင့် မြန်မာ့လက်ရွေးစင် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ကာဂျစ္စတန်အသင်းက (၂-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ နည်းပြချုပ် အန်တွမ်နီဟေး အနေဖြင့် ပွဲထွက်လူစာရင်းတွင် ဂိုး- ပြည့်ဖြိုးသူ၊ နောက်တန်း- ဝင်းမိုးကျော်၊ ဇော်ရဲထွန်း၊ ငြိမ်းချမ်း၊ ရဲမင်းသူ၊ ကျော်ဇင်လွင်၊ အလယ်တန်း- ဆမ်လန်မန်၊ ရန်နိုင်ဦး၊ လှိုင်းဘိုဘို၊လွင်မိုးအောင်၊ ရှေ့တန်း – သန်းပိုင် တို့ဖြင့် ၅-၄-၁ ပုံစံအတိုင်း အိမ်ရှင်အသင်းအား ရင်ဆိုင်ခဲ့သည်။
ကာဂျစ္စတန် အသင်းသည် အိမ်ရှင် အသင်းပီပီ ကစားကွက် အသာစီးဖြင့် ပရိသတ်ရှေ့မှောက် လျင်လျင်မြန်မြန် ထိုးဖောက်ကာ အနို်ငဂိုး ရရှိရေးအတွက် ကြိုးပမ်းခဲ့သည်။ မြန်မာအသင်း အနေဖြင့် ခံစစ်ကစားပုံကို အတတ်နို်ငစွမ်း ကျစ်လျစ်စွာ ထားရှိကာ အိမ်ရှင် အသင်းအား ရင်ဆိုင်ခဲ့ပြီး တန်ပြန် တိုက်စစ်ဖြင့် ဂိုးရရှိရန် ကြိုးပမ်းခဲ့သည်။ ကာဂျစ် အသင်း အကြိမ်ကြိမ် ထိုးဖောက်မှုကို မြန်မာအသင်း တစ်သင်းလုံးခုခံနေခဲ့ရပြီး ပွဲချိန် ၂၅ မိနစ်တွင် အိမ်ရှင်တို့ ဂိုးရရှိခဲ့သည်။ မြန်မာနောက်တန်း ဖျက်ထုတ်နေသည့် အကြားမှ ၁၈ ကိုက်စည်းအတွင်း ဗစ်တာ မိုင်ယာက အနီးကပ် ပိတ်သွင်းယူခဲ့ခြင်း ဖြစ်ပြီး အုပ်စုတက်ရေးအတွက် အိမ်ရှင်အသင်း အားတက်စေခဲ့သည်။ ယင်းနောက် ဒုတိယ ဂိုးကိုလည်း ဗစ်တာမိုင်ယာကပင် ပထမပိုင်း ပြီးကာနီး ပွဲချိန် ၄၅ မိနစ်တွင် ဆက်လက်သွင်းယူခဲ့ခြင်း ဖြစ်သည်။
ဒုတိယပိုင်းတွင် သန်းပိုင်အစား အောင်ကောင်းမန်၊ ဆမ်လမ်မန်အစား ဝင်းနိုင်ထွန်း၊ ရန်နို်ငဦးအစား မြတ်ကောင်းခန့်တို့ကို အစားထိုးပြီး ချေပဂိုး ရရှိရေး အတွက်ကြိုးပမ်း ခဲ့သော်လည်း အခွင့်အရေး အသုံးချနိုင်ခြင်းမရှိခဲ့ဘဲ မြန်မာအသင်း (၂-၀)ဂိုးဖြင့် အရေးနိမ့်ခဲ့ရသည်။
” ကျွန်တော့် ကစားသမားတွေက လိဂ်ပြိုင်ပွဲ ၂ နှစ်ကျော်လောက် မကစားရဘဲနဲ့ နိုင်ငံတကာ ပွဲတွေဝင်ပြိုင်နေရတဲ့ အနေအထား ဖြစ်ပါတယ်။ ပွဲချိန်ပြည့် ကြံ့ခိုင်မှုအပိုင်း၊ နည်းစနစ်အပိုင်း အားနည်းမှုရှိဆဲဖြစ်ပါတယ်။ ကစားသမား အစုံအလင်မရှိတဲ့ အနေအထားမျိုးနဲ့ အခုလို ကာဂျစ္စတန်အသင်းကို ရင်ဆိုင်ရတာ ခက်ခဲပါတယ်။ ဒီနေ့ပွဲမှာ အရေးနိမ့်ခဲ့ပေမယ့် ပေးဂိုးနည်းပြီး ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ ရှုံးခဲ့ရတာ ဖြစ်လို့ ကစားသမားတွေ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုပါတယ်။ ကျွန်တော်တို့လည်း တန်ပြန်တိုက်စစ်နဲ့ ဂိုးရဖို့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့တာကို တွေ့ရမှာပါ၊ အဝေးကွင်းမှာ ကစားရတာလည်း ဖြစ်တာကြောင့် ကျွန်တော်တို့ အခွင့်အရေးတွေ အသုံးချဖို့ခက်ခဲ တာလည်းဖြစ်ပါတယ်။” ဟုနည်းပြချုပ် အန်တွမ်နီဟေးက ပြောသည်။
မြန်မာ့လက်ရွေးစင် အသင်းအနေဖြင့် ခြေစစ်ပွဲ နောက်ဆုံးပွဲစဉ်အဖြစ် အာဆီယံ ပြိုင်ဘက် စင်ကာပူ အသင်းနှင့် လာမည့် ဇွန်လ ၁၄ ရက်နေ့တွင် ဆက်လက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။