ဒိုင်ကြီးကြပ်၊ ဒိုင်နှင့် အကူဒိုင်များ အလုပ်ရုံဆွေးနွေးပွဲ (Group 3) ကျင်းပ
August 9, 2022အာဆီယံယူ-၁၆ ပြိုင်ပွဲ အကြိုဗိုလ်လုပွဲတွင် အိမ်ရှင် အင်ဒိုနီးရှားကို ပင်နယ်တီ အဆုံးအဖြတ်ဖြင့် မြန်မာယူ-၁၆ အသင်း အရေးနိမ့်
August 10, 2022အင်ဒိုနီးရှားနိုင်ငံ ယိုဂျာကာတာမြို့တွင် ကျင်းပနေသော အာဆီယံယူ-၁၆ ပြိုင်ပွဲ၏ အကြိုဗိုလ်လုပွဲအတွက် သတင်းစာရှင်းလင်းပွဲကို ယနေ့ (ဩဂုတ် ၉) ရက် နံနက်ပိုင်းက The Rich Hotel တွင် ပြုလုပ်ခဲ့ရာ မြန်မာယူ-၁၆ အသင်း နည်းပြချုပ် ဦးအောင်ဇော်မျိုးနှင့် အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်အသင်းတို့မှ နည်းပြချုပ်များ တက်ရောက်ခဲ့ကြသည်။
သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာယူ-၁၆ နည်းပြချုပ် ဦးအောင်ဇော်မျိုးက “ပထမဦးစွာ ဆီမီးဖိုင်နယ်ရောက် အသင်းအားလုံးကို ဂုဏ်ပြုစကား ပြောကြားလိုပါတယ်။ အားလုံးက အသင်းကောင်းတွေပါ။ ကံကောင်းပါစေလို့ ဆန္ဒပြုပါတယ်”ဟု ပြောကြားခဲ့သည်။
ဆက်လက်ပြီး အင်ဒိုနီးရှားနှင့်ပွဲအပေါ် မီဒီယာများ၏ မေးမြန်းမှုကို ဦးအောင်ဇော်မျိုးက “အင်ဒိုနီးရှားက အိမ်ရှင်ဖြစ်နေတဲ့အပြင် အသင်းကောင်းတစ်သင်းပါ။ ကျွန်တော့်အနေနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် အကောင်းဆုံး ကြိုးစားပြင်ဆင်သွားမှာပါ။ အုပ်စုပွဲပြီးနောက် နားချိန်တစ်ရက်ပဲရပေမဲ့ ကစားသမားတွေကို ကောင်းကောင်းအနားပေးထားလို့ ကိစ္စမရှိပါဘူး။ ပရိသတ်အများကြီးရှေ့မှာ ကစားရမှာကတော့ ကျွန်တော့်ကစားသမားတွေအတွက် ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ဒါပေမဲ့ ဖိအားကတော့ အိမ်ရှင်ဘက်မှာသာ ရှိနေပါလိမ့်မယ်”ဟု ပြန်လည်ဖြေကြားခဲ့သည်။
မြန်မာယူ-၁၆ အသင်းသည် ဩဂုတ် ၁၀ ရက် မြန်မာစံတော်ချိန် ည ၇:၃၀ နာရီတွင် အိမ်ရှင် အင်ဒိုနီးရှားအသင်းနှင့် အကြိုဗိုလ်လုပွဲ ကစားရမည်ဖြစ်သည်။
အကြိုဗိုလ်လုပွဲစဉ်များတွင် ပွဲချိန်အတွင်း သရေကျနေပါက အချိန်ပိုဆက်ကစားရမည် မဟုတ်ဘဲ ပင်နယ်တီ အဆုံးအဖြတ် ခံယူရမည် ဖြစ်သည်။