ဟောင်ကောင်နှင့်မြန်မာ ခြေစမ်းပွဲ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲ ကျင်းပ
September 24, 2022MFF FUTSAL LEAGUE 1 နှင့် 2 QUALIFIERS အတွက် မဲနှိုက်ရေးဆွဲခြင်း ပြုလုပ်
September 27, 2022ဟောင်ကောင်နှင့် မြန်မာ လက်ရွေးစင် အသင်းနှစ်သင်း၏ ဒုတိယမြောက် ခြေစမ်းပွဲကို စက်တင်ဘာ ၂၄ ရက်၊ ဟောင်ကောင် စံတော်ချိန် ည(၈း၀၀)နာရီက ဟောင်ကောင် အားကစားကွင်းတွင် ကျင်းပခဲ့ရာ ဂိုးမရှိသရေ ရလဒ်ဖြင့်ပြီးဆုံးခဲ့သည်။ မြန်မာအသင်းသည် အိမ်ရှင် ဟောင်ကောင် အသင်းအား ခံစစ်အသားပေး ကစားဟန်ဖြင့် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပြီ အိမ်ရှင် ပရိသတ် တစ်သောင်းခွဲကျော် လာရောက်ကြည့် ရှု့အားပေးခဲ့သည်။ ဟောင်ကောင်အသင်းသည် အမြင့်ဘောများဖြင့် ဂိုးရရန် ကြိုးပမ်းခဲ့သော်လည်း မြန်မာနောက်တန်းနှင့် ဂိုးသမားတို့ စနစ်တကျ ခုခံကာကွယ်ထားနိုင်ခဲ့သဖြင့် ဂိုးမရခဲ့ပေ။ မြန်မာအသင်းဘက်မှ ရှေ့တန်းလူ ဝင်းနိုင်ထွန်း၏ ကန်သွင်းချက်များနှင့် ဂိုးရရန် ကြိုးပမ်းချက်များကိုလည်း ဟောင်ကောင်ဂိုးသမား ကာကွယ်နှိင်ခဲ့သည်။ ပွဲအပြီးတွင် ဂိုးမရှိသရေကျခဲ့ပြီး မြန်မာအသင်း ကွင်းလယ်လူ အောင်နိုင်ဝင်းက အကောင်းဆုံး ကစားသမားဆု ရရှိခဲ့သည်။
“ဒီနေ့ပွဲမှာ ပရိသတ် တစ်သောင်းခွဲကျော်လာအားပေးသလို နှစ်သင်းစလုံး အကြိတ်အနယ်ရှိခဲ့လို့ အရင်နေ့က ပြောခဲ့သလို ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ကစားသမားတွေ ကြိုးပမ်းအားထုတ်မှုကို အသိအမှတ်ပြုပါတယ်။ ဟောင်ကောင် အသင်းက ခွန်အားနဲ့ကြံခိုင်မှုကောင်းပြီး သူတို့ပရိသတ်ကြောင့် အရင်ပွဲကထက် ပိုကောင်းအောင် ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အိမ်ကွင်းမှာလည်း ကစားခွင့်ရရင် ကစားချင်သေးပါတယ်၊ ရလဒ်ကတော့ ခုလိုမျိုးဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။”
မြန်မာအသင်း နည်းပြချုပ် အန်တွမ်နီဟေး
ပထမဆုံး အနေနဲ့ ဟောင်ကောင် ဘောလုံးအဖွဲ့ချုပ်ကို ခြေစမ်းပွဲဖိတ်ခေါ်တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ဒီနေ့ပွဲ ကျွန်တော်တို့ အားလုံးရဲ့ ကြိုးစားမှုကို ကျေနပ်အားရပါတယ်။ နည်းပြချုပ်ရဲ့ ဗျူဟာ အပြောင်းအလဲအောက်မှာ ကျွန်တော်တို့ အများကြီး ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပါတယ်။ ဟောင်ကောင်အသင်းလည်း ဒီနေ့ပွဲ သူတို့ အကောင်းဆုံး ကစားသွားခဲ့တာပါ။ ရလဒ်ကို ကျေနပ်ပါတယ်။
မြန်မာအသင်း ကွင်းလယ်လူ အောင်နိုင်ဝင်း
- မြန်မာအသင်းပွဲထွက် စာရင်း
- ဂိုး- ကျော်ဇင်ဖြိုး
- နောက်တန်း- အောင်ဝဏ္ဏစိုး၊ ရဲမင်းသူ၊ ဝေယံဦး၊ ဟိန်းဇေယျာလင်း၊ ကျော်ဇင်လွင်
- အလယ်တန်း- အောင်နိုင်ဝင်း၊ ရန်နိုင်ဦး၊ လင်းထက်စိုး
- ရှေ့တန်း -နိုင်ဇင်ထက်၊ ရာဇာအောင်
- (လူစားဝင် – အောင်ဝဏ္ဏစိုး(ရဲလင်းထက်)၊ လင်းထက်စိုး(ကျော်မင်းဦး)၊ နိုင်ဇင်ထက် (ဝင်းနိုင်ထွန်း)၊ ရာဇာအောင် (ဒေးဗစ်ထန်း)၊ ဒေးဗစ်ထန်း (သီဟထက်အောင်)