
AFC Futsal Level -1 COACHING CERTIFICATE COURSE သင်တန်းဆင်းပွဲ ကျင်းပ
September 6, 2023
FIFA – MFF U15 LEAGUE Coach Refresher Course သင်တန်းဖွင့်ပွဲ ကျင်းပ
September 8, 2023မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်မိုက်ကယ် (Michael Feichtenbeiner) သည် နီပေါလက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့်
ဖီဖာနိုင်ငံတကာခြေစမ်းပွဲ အတွက် ကစားသမား ၂၇ ဦးပါဝင်သည့် မြန်မာ့လက်ရွေးစင် အသင်း လူစာရင်းကို ထုတ်ပြန်ကြေညာလိုက်သည်။
မြန်မာ့လက်ရွေးစင်အသင်းနှင့် နီပေါလက်ရွေးစင် အသင်းတို့၏ FIFA International “A” Friendly Matches ပွဲစဉ်များကို လာမည့် စက်တင်ဘာ ၈နှင့် ၁၁ ရက်များတွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ကျင်းပသွားမည်ဖြစ်ပြီး ပွဲစဉ်နှစ်ပွဲစလုံးအတွက် အထူးတန်းနှင့် ရိုးရိုးတန်း လက်မှတ်များကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရုံး ဂိတ်-၂ တွင် စက်တင်ဘာ ၇ ရက်၊ ၈ ရက်နှင့် ၁၁ ရက်နေ့များတွင် ရောင်းချပေးသွားမည်ဖြစ်ပါသည်။ ယင်းခြေစမ်းပွဲစဉ် (၂)ပွဲကို Sky Net Sports နှင့် Channel 9 HD Channels များမှ တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည်ဖြစ်ပါသည်။
