အာရှယူ-၂၀ ခြေစစ်ပွဲအတွက် လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းသည် ပြိုင်ပွဲအကြိုပြင်ဆင်မှု အနေဖြင့် ထိုင်းနိုင်ငံသို့ ခြေစမ်းခရီးစဥ်သွားရောက်လေ့ကျင့်မည်ဖြစ်သည်။
မြန်မာ ယူ-၁၉ အသင်းသည် စက်တင်ဘာ ၁ရက်မှ ၁၄ရက်အထိ ထိုင်းနိုင်ငံတွင် လေ့ကျင့်မည်ဖြစ်ပြီး ယင်းကာလအတွင်း ခြေစမ်းပွဲများ ယှဥ်ပြိုင်ကစားရန် စီစဥ်ထားသည်။
မြန်မာယူ-၁၉ အသင်းကို အုပ်ချုပ်/နည်းပြ အဖွဲ့ဝင် (၉)ဦး၊ ကစားသမား (၂၄) ဦး စုစုပေါင်း ၃၃ ဦးဖြင့် ဖွဲ့စည်းထားပါသည်။
၂၀၂၅ အာရှယူ-၂၀ ခြေစစ်ပွဲ အုပ်စု (I) ကိုစက်တင်ဘာ ၂၅ရက်မှ ၂၉ရက် အထိ ကာဂျစ်စတန် နိုင်ငံတွင် အိမ်ရှင်အဖြစ် ကျင်းပသွားမည်ဖြစ်ပြီး မြန်မာအသင်းသည် ဂျပန်၊ ကာဂျစ်စတန်၊ တာ့ခ်မင်နစ္စတန် အသင်းတို့နှင့်အတူ တစ်အုပ်စုတည်းကျရောက်လျက်ရှိသည်။