ကာဂျစ်စတန်နိုင်ငံ တွင်အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် AFC U-20 Asian Cup 2025 Qualifiers အာရှယူ-၂၀ ခြေစစ်ပွဲ ဝင်ရောက်ယှဥ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ-၂၀ အသင်း၏ အပြီးသတ်ကစားသမား ၂၃ဦး စာရင်းကို နည်းပြချုပ် ဦးအောင်နိုင်က စက်တင်ဘာ ၂၀ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။
မြန်မာအသင်းသည် ၂၀၂၅ အာရှယူ-၂၀ ခြေစစ်ပွဲ အုပ်စု (I) တွင် အိမ်ရှင် ကာဂျစ်စတန်၊ ဂျပန်၊ တာ့ခ်မင်နစ္စတန် အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိပါသည်။ ပြိုင်ပွဲစည်းမျဥ်းအရ အုပ်စုပထမအသင်း ၁၀သင်းနှင့် အကောင်းဆုံး ဒုတိယ ၅သင်းတို့သည် တရုတ်နိုင်ငံတွင် အိမ်ရှင်အဖြစ်ကျင်းပမည့် အာရှယူ-၂၀ ပြိုင်ပွဲကို ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။
မြန်မာ ယူ-၂၀ အသင်းသည် အာရှခြေစစ်ပွဲ အကြိုပြင်ဆင်မှုအဖြစ် စက်တင်ဘာလ အစောပိုင်းက ထိုင်းနိုင်ငံတွင် ၂ပတ်ကြာ သွားရောက်လေ့ကျင့်ခဲ့ပြီး ဘာရိန်းယူ-၂၀၊ ကမ္ဘောဒီးယား ယူ-၂၀၊ ထိုင်းလိဂ်-၃ ကလပ် KBU အသင်းတို့နှင့် ခြေစမ်းကစားခဲ့ပါသည်။
#MYAU20 #MFFMYANMAR #AYABank #WARRIX #FRESH #novotelyangonmax #AlpineDrinkingWater #Pan #DONGLUC