
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းရဲ့ ၂၀၂၆ ခုနှစ်အတွင်း ပထမဆုံး နိုင်ငံတကာပွဲ
May 19, 2026




မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် အာရှဘောလုံးအဖွဲ့ချုပ် (AFC) တို့ ပူးပေါင်းစီစဉ်သည့် AFC/MFF Pro Diploma Coaching Course (Module 2) သင်တန်းကို ယနေ့နံနက်ပိုင်းက MFF ရုံးနှင့် သုဝဏ္ဏကွင်းတို့တွင် စတင်ခဲ့သည်။
ယခုသင်တန်းသည် ဘောလုံးနည်းပြလိုင်စင်များတွင် အမြင့်ဆုံးအဆင့် Professional သင်တန်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် စတင်အကောင်အထည်ဖော် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကာ ယခုအခါ Module 2သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
အဆိုပါသင်တန်းသို့ သင်တန်းသား စုစုပေါင်း ၁၆ ဦး တက်ရောက်လျက်ရှိပြီးနိုင်ငံခြားသားနည်းပြ ၄ ဦး ပါဝင်သည်။
သင်တန်းကာလမှာ ဇွန်လ ၁၁ ရက်မှ ၁၇ ရက်နေ့အထိ ဖြစ်ပြီး ခေတ်သစ်ဘောလုံးလောက၏ မဟာဗျူဟာများ၊ နည်းစနစ်ပိုင်းဆိုင်ရာများနှင့် လက်တွေ့ကွင်းတွင်း လေ့ကျင့်ခန်းများကို သင်ကြားပို့ချသွားမည်ဖြစ်သည်။