
AFC-MFF MC Seminar and LOC Workshop ကျင်းပ
June 12, 2026




Great moments from the FIFA Football For Schools launch in Shan State today, featuring a special appearance by our Myanmar National Team stars!
FIFA Football For Schools အစီအစဉ်အားရှမ်းပြည်နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများအတွက် မိတ်ဆက်ခြင်းနှင့် ဘောလုံးများ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့မနက်ပိုင်းက တောင်ကြီးမြို့၊ ပြည်နယ် အားကစားကွင်းမှာ ကျင်းပခဲ့ပါတယ်။
အစီအစီအစဉ်ကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံကျော်၊ လွတ်တော်ဒုဥက္ကဌ၊ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ပြည်နယ်ဥပဒေချုပ်၊ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးများ၊ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာန အားကစားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ် ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများ၊ မြန်မာ့လက်ရွေးစင် နည်းပြများ၊ ကစားသမားများနှင့် အခြေခံပညာ ကျောင်းများမှ ဆရာ၊ဆရာမများ၊ ကျောင်းသူကျောင်းသားများ တက်ရောက်ခဲ့ပါတယ်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေနဲ့ FIFA Football For Schools အစီအစဉ်အရ ရှမ်းပြည်နယ် အခြေခံပညာကျောင်းများအတွက် ဘောလုံးများကို ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ပြီး မြန်မာ့လက်ရွေးစင် နည်းပြ/ကစားသမားများကလည်း ဒီမနက်အစီအစဉ်မှာ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။