
FIFA – MA Potential Young Referees Course 2026 သင်တန်းဆင်းပွဲ ကျင်းပ
June 21, 2026
FIFA ယူ-၁၅ ကမ္ဘာ့ဖလား နှင့် ဘောလုံးပွဲတော် 🇲🇲မြန်မာ ယူ-၁၅ အသင်း ပါဝင်ယှဉ်ပြိုင်မည်
June 27, 2026
FIFA – MA Potential Young Referees Course 2026 သင်တန်းဆင်းပွဲ ကျင်းပ
June 21, 2026
FIFA ယူ-၁၅ ကမ္ဘာ့ဖလား နှင့် ဘောလုံးပွဲတော် 🇲🇲မြန်မာ ယူ-၁၅ အသင်း ပါဝင်ယှဉ်ပြိုင်မည်
June 27, 2026
FIFA – MA Potential Young Referees Course 2026 သင်တန်းဆင်းပွဲ ကျင်းပ
June 21, 2026
FIFA ယူ-၁၅ ကမ္ဘာ့ဖလား နှင့် ဘောလုံးပွဲတော် 🇲🇲မြန်မာ ယူ-၁၅ အသင်း ပါဝင်ယှဉ်ပြိုင်မည်
June 27, 2026မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင် ဘောလုံးကော်မတီ အစည်းအဝေး (၁/၂၀၂၆) ကို ဇွန် ၂၅ ရက် နံနက်ပိုင်းက MFF Futsal Stadium ရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင် ဘောလုံးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသော်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်၊ ဖူဆယ်လိဂ် ကော်မတီ ဥက္ကဋ္ဌ ဦးကြည်မင်းသိန်း၊ ကော်မတီဒုတိယ ဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်၊ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဖူဆယ်နှင့် သဲသောင်ပြင် ဘောလုံးကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ထို့အပြင် ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးဖြိုးမောင်မောင်နှင့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ဆပ်ကော်မတီ ဥက္ကဋ္ဌများ၊ ကော်မတီဝင်များက အွန်လိုင်းမှတစ်ဆင့် အစည်းအဝေးကို တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင် ဘောလုံးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသော်နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်တို့က အဖွင့်အမှာစကားနှင့် နှုတ်ခွန်းဆက် စကားပြောကြားခဲ့ကြပြီး အစည်းအဝေးကို စတင်ခဲ့သည်။
အစည်းအဝေးတွင် ဖူဆယ်ပြိုင်ပွဲများ တိုးတက်အောင်မြင်စွာ ကျင်းပနိုင်ရေး၊ ဖူဆယ်လက်ရွေးစင် အသင်းများ နိုင်ငံတကာ ပြိုင်ပွဲများတွင် အောင်မြင်မှုရရှိနိုင်ရန် ဆွေးနွေးခြင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင်လည်း ဖူဆယ်ပြိုင်ပွဲများ ပိုမိုတိုးတက်ကောင်းမွန်စွာ ကျင်းပနိုင်ရေး၊ အာဆီယံ အမျိုးသမီး ယူ-၁၉ ဖူဆယ်ပြိုင်ပွဲ အတွက် ပြင်ဆင်မှု အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ ၂၀၂၆ ခုနှစ်အတွင်း ကျင်းပရန်ကျန်ရှိသေးသည့် ဖူဆယ် ပြိုင်ပွဲများအတွက် ပြက္ခဒိန်ရေးဆွဲအတည်ပြုခြင်း၊ AFC လိုင်စင် နည်းပြသင်တန်းများ ဖွင့်လှစ်နိုင်ရေး၊ ဖူဆယ် လက်ရွေးစင် အသင်းများအတွက် နည်းပြအဖွဲ့ဝင်များနှင့် Technical Team များ ဖွဲ့စည်းနိုင်ရေး၊ ၂၀၂၅ ခုနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းဆိုင်ရာ ကိစ္စရပ်များကို တင်ပြခဲ့ကြသည်။
Related posts