Category: <span>Youth Development</span>

The MFF » Youth Development

အောက်မြန်မာပြည်ဇုန် ဒုတိယအကျော့ အတွက် ကစားသမားများ အသက်စစ်ဆေးခြင်း ပြုလုပ်

September 14, 2023 / By Admin

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် FIFA – MFF U 15 YOUTH LEAGUE 2023 အောက်မြန်မာပြည်(ရန်ကုန်ဇုန်) ပြိုင်ပွဲ၏ ဒုတိယ အကျော့အတွက် မှတ်ပုံတင် အသစ်တင်ရှိထားသည့် ပြိုင်ပွဲဝင် အသင်းများမှ ထပ်တိုး ကစားသမားများအား အသက်စစ်ဆေးခြင်းကို စက်တင်ဘာ ၁၄ရက်က အမျိုးသားဘောလုံး အကယ်ဒမီ (ရန်ကုန်)တွင် ပြုလုပ်ခဲ့ပါသည်။ ကစားသမားများအား အသက်စစ်ဆေးခြင်းကို ဦးဝင်းသူမိုး (ပြိုင်ပွဲ တာဝန်ခံ၊ အောက်မြန်မာပြည်)၊ ဦးမိုးသွင်ထွန်း (မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ အထွေထွေ အတွင်းရေးမှူးရုံး တာဝန်ခံ)၊ ဒေါက်တာ ကျော်သန့်ဇင်(မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ ဆေးဘက်ဆိုင်ရာ တွဲဘက်တာဝန်ခံ)၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊အခြေခံပညာ ဦးစီးဌာနမှ တာဝန်ရှိသူများ ဦးဆောင်သည့် အသက်စိစစ်ရေးအဖွဲ့နှင့် ပြိင်ပွဲဝင်အသင်းများမှ တာဝန်ရှိသူများ […]

FIFA – MFF U15 LEAGUE Coach Refresher Course သင်တန်းဖွင့်ပွဲ ကျင်းပ

September 8, 2023 / By Admin

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် FIFA – MFF U15 LEAGUE 2023 အောက်မြန်မာပြည်(ရန်ကုန်ဇုန်) ပြိုင်ပွဲဝင် အသင်းများမှ နည်းပြ ဆရာများ၏ အရည်အသွေးပိုမိုတိုးတက်ကောင်းမွန်စေရန် ရည်ရွယ်၍ FIFA – MFF U15 LEAGUE Coach Refresher Course သင်တန်းဖွင့်ပွဲကို စက်တင်ဘာ ၇ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အစည်း အဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။ အဆိုပါ ဖွင့်ပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း ၊ သင်တန်းနည်းပြ ဦးညီညီလတ်နှင့် ဦးဘုန်းညွန့်ကို ၊ ဌာနအသီးသီးမှ တာဝန်ရှိသူများ နှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့သည်။ သင်တန်းကို စက်တင်ဘာ […]

ပဏာမ မြန်မာ့လက်ရွေးစင် ယူ၁၂ ကစားသမား (၄၀)ဦးထွက်ပေါ်

July 20, 2023 / By Admin

ဂျပန်နိုင်ငံ ချီဘားမြို့တွင် လာမည့် ဩဂုတ်လ ၂၄ ရက်မှ ၂၇ ရက်အထိ ကျင်းပပြလုပ်မည့် ၁၁ ကြိမ်မြောက် U12 Junior Soccer World Challenge 2023 ပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်ရန် ပဏာမ မြန်မာ့လက်ရွေးစင် ယူ၁၂ ကစားသမား (၄၀)ဦး စာရင်းအား နည်းပြအဖွဲ့နှင့် ကစားသမား ရွေးချယ်ရေး အဖွဲ့တို့က ယနေ့တွင် ထုတ်ပြန်လိုက်သည်။ ယူ၁၂ ကစားသမား ရွေးချယ်ရေးအဖွဲ့နှင့် ယူ၁၂ နည်းပြအဖွဲ့တို့သည် ပြီးခဲ့သည့် ဇူလိုင် ၁၄၊ ၁၅၊ ၁၆၊ ၁၇ ရက်နေ့များက အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည် ဇုန်(၂)ခုခွဲ၍ ကစားသမား ရွေးချယ်ပွဲများ ပြုလုပ်ခဲ့ပြီး ပဏာမစာရင်းအား ကနဦး စိစစ်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ပဏာမစာရင်းတွင် ပြင်ပမှ […]

မြန်မာ့လက်ရွေးစင် ယူ ၁၂ ကစားသမား ရွေးချယ်ပွဲ ( ရန်ကုန်ဇုန်) ပြုလုပ်

July 14, 2023 / By Admin

ဂျပန်နိုင်ငံ၊ချီဘားမြို့တွင် လာမည့် ဩဂုတ်လ ၂၄ ရက်မှ ၂၇ ရက်အထိ ကျင်းပပြလုပ်မည့် ၁၁ ကြိမ်မြောက် U12 Junior Soccer World Challenge 2023 ပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင် ယူ၁၂ ကစားသမားရွေးချယ်ပွဲ(ရန်ကုန်ဇုန်)အား သုဝဏ္ဏကွင်းအတွင်းရှိ လေ့ကျင့်ရေးကွင်း-၁ (စက်ဘီးကွင်း)တွင် ဇူလိုင်လ ၁၄ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ ဒေသအသီးသီးမှ ကစားသမား ၁၅၀ ကျော် လာရောက် ရွေးချယ်ခံခဲ့သည်။ အဆိုပါပွဲသို့ မြန်မာနိုင်ငံဘောလုံအဖွဲ့ချုပ် အထွေ ထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာနေရှင်နယ် လိဂ် အမှုဆောင်ချုပ် ဦးစိုးမိုးကျော်၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊သတင်းမီဒီယာများ၊လာရောက်ရွေးချယ်ခံသည့် ကစားသမားများနှင့် မိသား စုဝင်များ တက်ရောက်ခဲ့သည်။ မြန်မာ့လက်ရွေးစင် ယူ-၁၂ ကစားသမား အပြီး သတ်(၁၈)ဦး ရွေးချယ်ပြီးပါက […]

ယူ-၁၅ လိဂ် FIFA-MFF U15 Youth League 2023 အောက်မြန်မာပြည်ဇုန် (ရန်ကုန်တိုင်းဒေသကြီး) ခြေစစ်ပွဲစဉ်များ စတင်

April 24, 2023 / By Admin

ယူ-၁၅ လိဂ် FIFA-MFF U15 Youth League 2023 အောက်မြန်မာပြည်ဇုန်မှ ရန်ကုန်တိုင်းဒေသကြီးအတွက် ခြေစစ်ပွဲစဉ်များကို ယနေ့နံနက်ပိုင်းက အမျိုးသားအကယ်ဒမီ (ရန်ကုန်) လေ့ကျင့်ရေးကွင်းတွင် စတင်ကျင်းပခဲ့ရာ တောင်ဇလပ်မြေ အသင်းက ရွှေပြည်သာ အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် လူငယ်မျိုးဆက်သစ်များ ဘောလုံးလှုပ်ရှားမှုများတွင် ပါဝင်လာရေး၊ ပြည်တွင်း လူငယ်ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပနိုင်ရေး၊ မျိုးဆက်သစ် လူငယ်ကစားသမားများ ပေါ်ထွက်လာရေး၊ FIFA, AFC, AFF လူငယ်ပြိုင်ပွဲများတွင် မြန်မာ့လက်ရွေးစင် လူငယ်အသင်းများ အောင် မြင်မှု ရရှိရေးအတွက် ရည်ရွယ်၍ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် လမ်း ညွှန်ချက်များအတိုင်း အသက် (၁၅) နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲ ( FIFA-MFF U15 Youth […]

FIFA-MFF U15 Youth League 2023 ပြိုင်ပွဲ ကျင်းပမည်

April 3, 2023 / By Admin

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် လူငယ်မျိုးဆက်သစ်များ ဘောလုံးလှုပ်ရှားမှုများတွင် ပါဝင်လာရေး၊ ပြည်တွင်း လူငယ်ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပနိုင်ရေး၊ မျိုးဆက်သစ် လူငယ်ကစားသမားများ ပေါ်ထွက်လာရေး၊ FIFA, AFC, AFF လူငယ်ပြိုင်ပွဲများတွင် မြန်မာ့လက်ရွေးစင် လူငယ်အသင်းများ အောင် မြင်မှု ရရှိရေးအတွက် ရည်ရွယ်၍ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် လမ်း ညွှန်ချက်များအတိုင်း အသက် (၁၅) နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲ ( FIFA-MFF U15 Youth League 2023) အား ယခုနှစ် မေလပထမပတ်တွင် အထက်မြန်မာပြည်ဇုန်နှင့် အောက်မြန်မာပြည်ဇုန်အဖြစ် ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် ကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။အဆိုပါပြိုင်ပွဲတွင် စုစုပေါင်း အသင်း ၂၄ သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး အထက်မြန်မာပြည်ဇုန်( မန္တလေး)တွင် မန္တလေးတိုင်းဒေသကြီးမှ ၂ သင်း၊ စစ် […]

MFF Internal Academy Football Tournament 2022 (U-14 & U-15)ပြိုင်ပွဲတွင် ပုသိမ်အကယ်ဒမီ(က) အသင်း ဗိုလ်စွဲ

December 28, 2022 / By Admin

MFF Internal Academy Football Tournament 2022 ပြိုင်ပွဲကို မန္တလေးမြို့ မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး) လေ့ကျင့်ရေးကွင်းများတွင် ဒီဇင်ဘာ ၂၃ ရက်မှ ၂၈ ရက်အထိ ကျင်းပခဲ့ရာ U-14 & U-15 ပြိုင်ပွဲတွင် ပုသိမ်အကယ်ဒမီ(က) အသင်းက ဗိုလ်စွဲခဲ့သည်။ U-14 & U-15 ပြိုင်ပွဲတွင် အသင်းပေါင်း ခြောက်သင်းပါဝင်ပြီး ရန်ကုန် အကယ်ဒမီ (က)နှင့် (ခ)၊ ပုသိမ်အကယ်ဒမီ (က)နှင့် (ခ)၊ မန္တလေး အကယ်ဒမီ (က)နှင့် (ခ) အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြကာ ပုသိမ်အကယ်ဒမီ(က) အသင်းက ငါးပွဲကစား၊ ငါးပွဲနိုင်၊ ရမှတ် ၁၅ မှတ်ဖြင့် ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ MFF Internal Academy Football […]

လူငယ်ပြိုင်ပွဲ ကျင်းပရေးကော်မတီ အစည်းအဝေး ကျင်းပ

July 18, 2022 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် လူငယ်ပြိုင်ပွဲကျင်းပရေးကော်မတီ (Youth Competition Committee) အစည်းအဝေး (၁ / ၂၀၂၂) ကို ဇူ လိုင် ၁၈ရက် မနက်ပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ကော်မတီဥက္ကဋ္ဌ ဦးမင်းလှိုင်၊ ဒုတိယ ဥက္ကဋ္ဌ များဖြစ်သည့် ဦးကိုကိုဌေး နှင့် ဦးထောင်ထာထန်း၊ အဖွဲ့ဝင် မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် တာဝန်ရှိသူများက တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးအဖွင့်အမှာစကားကို ဥက္ကဋ္ဌ ဦးမင်းလှိုင်က ပြောကြားခဲ့ပြီးနောက် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ၂၀၂၂ခုနှစ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိနေသည့် အမျိုးသား၊ အမျိုးသမီး သက်တမ်းအလိုက် လက်ရေးစင်အသင်းများ၏ နိုင်ငံတကာပြိုင်ပွဲများ၊ အာရှခြေစစ်ပွဲစဉ်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ကျင်းပသွားရန် ရှိနေသည့် ပြည်တွင်းလူငယ်ပြိုင်ပွဲများအကြောင်းကို ရှင်း လင်းပြောကြားခဲ့သည်။ ထို့နောက် […]

မြန်မာ အမျိုးသား ဘောလုံး အကယ်ဒမီများအတွက် ကျောင်းသားသစ်များ ခေါ်ယူမည်

May 2, 2022 / By Admin

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ တည်ထောင်ဖွင့်လှစ်ထားသည့် အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်)၊ မြန်မာ ဘောလုံး အကယ်ဒမီ (မန္တလေး)၊ မြန်မာ ဘောလုံးအကယ်ဒမီ(ပုသိမ်) တို့တွင် ၂၀၂၂/၂၃ ပညာသင်နှစ် အတွက် ကျောင်းသားသစ်များကို လာမည့် မေလ ၅ ရက်နေ့မှ စတင်ကာ ရွေးချယ်ခေါ်ယူသွားမည် ဖြစ်သည်။ ရွေးချယ်ခေါ် ယူမည့် ကျောင်းသားသစ်များမှာ ၂၀၁၀/၁၁ ခုနှစ်ဖွား အသက် (၁၁/၁၂)နှစ်အောက်၊ ၂၀၀၉ ခုနှစ်ဖွား အသက် (၁၃)နှစ်အောက်၊ ၂၀၀၈ ခုနှစ်ဖွား အသက်(၁၄)နှစ်အောက်နှင့် ၂၀၀၇ ခုနှစ်ခုနှစ်ဖွား အသက်(၁၅)နှစ်အောက် ဘောလုံး အားကစား ထူးချွန်သည့် မျိုးဆက်သစ်ကျောင်းသား များဖြစ်ကြသည်။ ရွေးချယ်ခံမည့် ကျောင်းသားသစ်များသည် လက်ရှိ အတန်းပညာ သင်ကြားနေသူ၊ အနိမ့်ဆုံး မြို့နယ် ကျောင်းသား […]

နွေရာသီ လူငယ် ဘောလုံးသင်တန်း ဖွင့်လှစ်မည်

February 19, 2020 / By Admin

နိုင်ငံတဝန်းရှိ ကျောင်းသားလူငယ်များအတွက် အခြေခံဘောလုံးပညာများကို သင်ကြားပေးမည့် နွေရာသီ လူငယ် ဘောလုံးသင်တန်းကို လာမည့် မတ်လ ၁၁ ရက်မှ ဧပြီလ ၁၀ ရက်နေ့အထိ ရန်ကုန်၊ မန္တလေး နှင့် ပုသိမ်ရှိ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF ) ဘောလုံးအကယ်ဒမီများတွ…