
ဆူဇူကီးဖလား ၂၀၂၀ အဖွင့်ပွဲစဉ်တွင် အိမ်ရှင်စင်ကာပူ အသင်းအား မြန်မာအသင်း အရေးနိမ့်
December 5, 2021
Myanmar bags important win over Timor-Leste
December 8, 2021မြန်မာ့လက်ရွေးစင် အသင်းသည် ဆူဇူကီးဖလား ၂၀၂၀ အုပ်စု(က) ဒုတိယမြောက် ပွဲစဉ်အဖြစ် အရှေ့တီမော အသင်းနှင့် ဒေသစံတော်ချိန် ယနေ ညနေ (၅း၃၀)နာရီက စင်ကာပူ အမျိုးသား အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက (၂-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ မြန်မာအသင်းတွင် ဂိုး- မျိုးမင်းလတ်၊ နောက်တန်း-ဒေးဗစ်ထန်၊ ဝင်းမိုးကျော်၊ ဟိန်းဖြိုးဝင်း၊ ဆမ်လမ်မန်၊ အလယ်တန်း- လှိုင်းဘိုဘို၊ လွင်မိုးအောင်၊ မောင်မောင်လွင်၊ ဟိန်းထက်အောင်၊ မြတ်ကောင်းခန့်၊ ရှေ့တန်း- သန်းပိုင် တို့ဖြင့် (၄း၂း၃း၁) ကစားဟန်အတိုင်း ပွဲထွက်ကစားခဲ့သည်။

မြန်မာအသင်းအတွက် ပထမပိုင်း ၁၄ မိနစ်တွင် အရှေ့တီမော နောက်တန်း မသေမသပ် ဖျက်ထုတ်မှုကို သန်းပိုင်က အခွင့်အရေး အသုံးချပြီး ခေါင်းတိုက်သွင်းယူခဲ့ခြင်း ဖြစ်သည်။ ပထမပိုင်းတွင် လှိုင်းဘိုဘို၊ ဆမ်လမ်မန်၊ မောင်မောင်လွင်တို့ ကန်သွင်းခွင့်များ ရရှိခဲ့သော်လည်း ဂိုးကံခေခဲ့ပြီ (၁-၀)ဂိုးဖြင့် ပထမပိုင်းပြီးဆုံးခဲ့သည်။

အရှေ့တီမော အသင်းအနေဖြင့် တန်ပြန်တိုက်စစ်ကို အသုံးပြုကာ ချေပဂိုး ရရှိရန် ကြိုးစားခဲ့သလို ကွင်းလယ်စိုးမိုးမှုရရှိရန်လည်း ကြိုးပမ်းခဲ့သည်။ မြန်မာအသင်း အတွက် ဒုတိယမြောက် အနိုင်ဂိုးကို အသင်းခေါင်းဆောင် မောင်မောင်လွင်က ဟိန်းထက်အောင် ဖန်တီးပေးပို့မှုမှ တဆင့် ၁၈ ကိုက်စည်းအတွင်း အပိုင်ကန်သွင်း ယူခဲ့ခြင်း ဖြစ်သည်။ မောင်မောင်လွင်သည် ယနေ့ပွဲတွင် အသင်းအား ဦးဆောင်မောင်းနှင် ကစားခဲ့သလို ကိုယ်တိုင်လည်း ဂိုးသွင်းယူနိုင်ခဲ့သည့် အတွက် ယနေ့ ပွဲစဉ်၏ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးရရှိခဲ့သည်။






