ဆီးဂိမ်းစ် ဆီမီးဖိုင်နယ်ရောက် မြန်မာ အမျိုးသမီး အသင်းအား နိုင်ငံတော်မှ အမေရိကန် ဒေါ်လာ (၁)သိန်း ထပ်ဆောင်းချီးမြှင့်
May 16, 2022ဖူဆယ်ပြိုင်ပွဲ ဒုတိယမြောက်ပွဲစဉ်တွင် မြန်မာအမျိုးသမီးအသင်း ရူံးပွဲကြုံတွေ့
May 17, 2022(၃၁)ကြိမ်မြောက်ဆီးဂိမ်းစ် အမျိုးသားဖူဆယ် ဘောလုံးပြိုင်ပွဲအဖြစ် မြန်မာနှင့် ထိုင်းအသင်းတို့ ယနေ့ (မေ ၁၆ရက်)တွင် Nam Gymnasium ၌ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက (၂-၁) ဂိုးဖြင့် ရူံးနိမ့်ခဲ့သည်။
မြန်မာအသင်းသည် ကျော်ထက်အောင်၊ မျိုးသက်အောင်၊ မျိုးမြင့်စိုး၊ ခင်ဇော်လင်း၊ သိုင်းဘွဲ့အောင် တို့ဖြင့် ပွဲထွက်ခဲ့ပြီး ထိုင်းအသင်းကို
ရင်ဆိုင်ခဲ့သည်။
AFF လက်ရှိချန်ပီယံ ထိုင်းအသင်းသည် ပွဲချိန် (၃) မိနစ်နှင့် (၁၃) မိနစ်တို့တွင် ဦးဆောင်ဂိုးများ သွင်းယူခဲ့သော်လည်း မြန်မာအသင်း၏ ခံစစ်
ကစားပုံကောင်းမွန်ကြောင့် ထင်တိုင်းမပေါက် ဖြစ်ခဲ့သည်။ ပွဲချိန် (၁၄) မိနစ်တွင် တန်ပြန်တိုက်စစ်မှ တစ်ဆင့် သိုင်းဘွဲ့အောင်က မြန်မာအသင်းအတွက် ပထမချေပဂိုး သွင်းယူပေးခဲ့သဖြင့် ပထမပိုင်းအပြီးတွင် ထိုင်းအသင်းက (၂-၁)ဂိုး ရလဒ်ဖြင့် ဦးဆောင်ကစားခဲ့သည်။
ဒုတိယပိုင်းတွင် ပွဲက အပြန်အလှန်ဖြစ်ခဲ့ပြီး ထိုင်းအသင်းသည် 5 Fouls ကျူးလွန်ထားသဖြင့် မြန်မာအသင်းကို သတိကြီးစွာ ကစားခဲ့ရသည်။ မြန်မာအသင်း ဂိုးသမား ကျော်ထက်အောင်သည် ထိုင်းအသင်း၏ အပိုင်ကန်သွင်းချက်များကို လက်စွမ်းပြ ကာကွယ်ခဲ့သလို အသင်းခေါင်းဆောင် မျိုးမြင့်စိုးကလည်း နောက်တန်းတွင် ပုံစံကောင်းပြသနိုင်ခဲ့သဖြင့် ထိုင်းအသင်း ဂိုးထပ်မံ သွင်းယူနိုင်ခြင်းမရှိဘဲ ပထမပိုင်း ရလဒ်အတိုင်း ပွဲပြီးဆုံးခဲ့သည်။
မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် Mr. Bunlert Cheowarang မှ ” ဒီနေ့ပွဲမှာ ကျွန်တော့်ကစားသမားတွေဟာ ပြောထားတဲ့ နည်းစနစ်အတိုင်း လိုက်ပါကစားနိုင်ခဲ့တယ်။ ထိုင်းအသင်းက အစစအရာရာကောင်းမွန်တဲ့ အသင်းဖြစ်ပေမယ့် ကျွန်တော်တို့ အကောင်းဆုံး တုံ့ပြန်က စားနိုင်ခဲ့တယ်။အင်ဒိုနီးရှားအသင်းနဲ့ ပွဲစဉ်ကထက် ပိုပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ ကစားနိုင်ခဲ့ပါတယ်။ အချို့ကစားသမားတွေက တော့ ယုံကြည်မှုနဲ့ အတွေ့အကြုံလိုအပ်နေပါသေးတယ်” ဟု ထိုင်းအသင်းနှင့် ပွဲစဉ်အပြီးတွင် ပြောကြားခဲ့သည်။
မြန်မာ့လက်ရွေးစင် အမျိုးသား ဖူဆယ်အသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲ (၂) ပွဲပြီးချိန်တွင် (၂)ပွဲစလုံး ရူံးနိမ့်ထားပြီး မေ ၁၈ ရက်တွင် အိမ်ရှင်ဗီယက်နမ်အသင်းနှင့်လည်းကောင်း၊ မေ ၂၀ ရက်တွင် မလေးရှားအသင်းနှင့် လည်းကောင်း ဆက်လက်ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။
အစောပိုင်းယှဉ်ပြိုင်ကစားခဲ့သည့် အင်ဒိုနီးရှားနှင့် မလေးရှားအသင်းတို့ပွဲစဉ်တွင် အင်ဒိုနီးရှားအသင်းက (၃-၀) ဂိုးဖြင့် အနိုင်ရခဲ့သည်။
Standing
Pos | Team | Pld | W | D | L | GF | GA | GD | Pts |
---|---|---|---|---|---|---|---|---|---|
1 | Indonesia | 3 | 2 | 1 | 0 | 10 | 1 | +9 | 7 |
2 | Thailand | 2 | 2 | 0 | 0 | 8 | 3 | +5 | 6 |
3 | Vietnam | 2 | 1 | 1 | 0 | 8 | 2 | +6 | 4 |
4 | Myanmar | 2 | 0 | 0 | 2 | 1 | 8 | −7 | 0 |
5 | Malaysia | 3 | 0 | 0 | 3 | 3 | 16 | −13 | 0 |
Gallery