MFF “D” CERTIFICATE COACHING COURSE သင်တန်းဆင်းပွဲကျင်းပ

Continental Futsal Championship ဆီမီးဖိုင်နယ်တွင် ချက်အသင်းကို ရှုံးနိမ့်
August 11, 2023
MFF NEWLY FUTSAL REFEREE COURSE 1/2023 သင်တန်းဆင်းပွဲကျင်းပ
August 13, 2023

August 13, 2023

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ Coach Education ဌာနမှ ဖွင့်လှစ်သော MFF “D” Certificate Coaching Course သင်တန်းဆင်းပွဲ အခမ်းအနားကို သြဂုတ် ၁၃ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ယင်းအခမ်းအနားကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊နည်းစနစ်ဒါရိုက်တာ ဉီးတင်မြင့်အောင်၊ သင်တန်းနည်းပြ ဦးညီညီလတ်နှင့် ဦးဘုန်းညွန့်ကို ၊တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

သင်တန်းဆင်းပွဲအမှတ်တရ အမှာစကားကို အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊နည်းစနစ်ဒါရိုက်တာ ဉီးတင်မြင့်အောင်၊ သင်တန်းနည်းပြ ဦးညီညီလတ်နှင့် ဦးဘုန်းညွန့်ကို တို့က ပြောကြားခဲ့ပြီးသင်တန်းသားများကိုယ်စား ဉီးကျော်သူလတ်မှ ကျေးဇူးတင်စကားကိုပြန်လည်ပြောကြားခဲ့သည်။

သင်တန်းကို သြဂုတ် ၁၀မှ ၁၃ရက်အထိ ၄ရက်ကြာဖွင့်လှစ်ခဲ့ပြီး တိုင်းနှင့်ပြည်နယ်များ၊ ဝန်ကြီးဌာနများနှင့် ကလပ်အသင်းများမှ သင်တန်းသား ၂၅ဉီး၊ သင်တန်းသူ ၅ဦး စုစုပေါင်း ၃၀ဉီးတက်ရောက်ခဲ့ပါသည်။

Related Posts