MFF NEWLY FUTSAL REFEREE COURSE 1/2023 သင်တန်းဆင်းပွဲကျင်းပ

MFF “D” CERTIFICATE COACHING COURSE သင်တန်းဆင်းပွဲကျင်းပ
August 13, 2023
MFF “D” CERTIFICATE COACHING COURSE သင်တန်းဖွင့်ပွဲကျင်းပ
August 21, 2023

August 13, 2023

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူး၍ ဒိုင်ကော်မတီ၊ ဒိုင်ဌာနတို့မှ ပူးပေါင်းဖွင့်လှစ်သည့် MFF Newly Futsal Referee Course 1/2023
သင်တန်းဆင်းပွဲ အခမ်းအနားကို ဩဂုတ် ၁၃ရက် ညနေပိုင်းက သုဝဏ္ဏကွင်းအတွင်းရှိ သတင်းစာရှင်းလင်းပွဲခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်၊ ဒိုင်ကော်မတီဥက္ကဋ္ဌ ဦးထွန်းလှအောင်၊ ဒိုင်ဌာန ဒါရိုက်တာ ဉီးလှမင်း၊ သင်တန်းနည်းပြများ ဖြစ်ကြသည့် ဉီးကျော်စိုးနှင့် ဉီးစိုးမင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အကြံပေး ဦးဘန်နီတင်အောင်၊ဖူဆယ်နှင့်သဲသောင်ပြင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်၊ ဒိုင်ကော်မတီဥက္ကဋ္ဌ ဦးထွန်းလှအောင် တို့က သင်တန်းဆင်း အမှတ်တရအမှာစကားများ ပြောကြားခဲ့ကြသည်။

FIFA MA Futsal Referring Course 2023 သင်တန်းကို ဩဂုတ် ၇ရက် မှ ၁၃ရက်အထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသား ၁၈ဉီး၊ သင်တန်းသူ ၄ဉီး စုစုပေါင်း ၂၂ ဉီး တက်ရောက်ခဲ့ပါသည်။

Related Posts