အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲဝင်ရန် မြန်မာယူ-၁၉ အသင်း ထွက်ခွာ

TENDER INVITATION
July 4, 2024
MFF Standing Committee အစည်းအဝေးများ ပြုလုပ်
August 14, 2024

July 16, 2024

အင်ဒိုနီးရှားနိုင်ငံ၊ ဆူရာဘာယားမြို့တွင် ကျင်းပမည့် 2024 AFF U-19 Boys Championship ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းသည် ယနေ့မနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှထွက်ခွာခဲ့သည်။

မြန်မာအသင်းသည် အုပ်စုအဖွင့်ပွဲစဥ်အဖြစ် ဇူလိုင် ၁၈ရက်တွင် ဗီယက်နမ်အသင်းနှင့်လည်းကောင်း၊ ဇူလိုင် ၂၁ရက်တွင် လာအိုအသင်းနှင့်လည်းကောင်း၊ ဇူလိုင် ၂၄ရက်တွင် သြစတြေးလျအသင်းနှင့်လည်း ကောင်း အသီးသီးယှဥ်ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာယူ-၁၉ အသင်းကို အုပ်ချုပ်/နည်းပြ အဖွဲ့ဝင် (၉)ဦး၊ ကစားသမား (၂၃) ဦး စုစုပေါင်း ၃၂ ဦးဖြင့် ဖွဲ့စည်းထားပါသည်။