
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဒိုင်လူကြီး အလုပ် အမှုဆောင် ကိုယ်စားလှယ် ရွေးကောက်ပွဲ ကျင်းပ
March 25, 2024




မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် MFF ၏ ၂၀၂၄ ခုနှစ် မတ်လ ၃၀ ရက်နေ့၊ Novotel Yangon Max တွင်ကျင်းပမည့် MFF ELECTIVE CONGRESS 2024 အခမ်းအနား ကျင်းပခြင်းနှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို မတ်လ ၂၈ ရက်၊ နံနက်ပိုင်းက MFF Hall တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ နှင့် အဖွဲဝင်များ၊ တာဝန်ရှိသူများ၊ မီဒီယာများ တက်ရောက်ခဲ့သည်။
အခမ်းအနား အစီအစဥ်အရ ရှေးဦးစွာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ရွေးကောက်ပွဲ ညီလာခံသတင်းစာ ရှင်းလင်းပွဲ အခမ်းအနား အစီအစဥ် စတင်ကြောင်း ကြေညာခဲ့ပြီး MFF အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းမှ အဖွင့် အမှာစကား ပြောကြားခဲ့သည်။
ယင်းနောက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ရွေးကောက်ပွဲ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးဘန်နီတင်အောင်မှ ရွေးကောက်ပွဲ လုပ်ထုံးလုပ်နည်းများအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် အမေး/ အဖြေ အစီအစဥ်အား စတင်ခဲ့ပြီး မီဒီယာများမှ သိလိုသည်များကို မြန်မာနိုင်ငံ ဘောလုံးချုပ် ရွေးကောက်ပွဲ ကော်မရှင်ဝင် တာဝန်ရှိသူများက ဖြေကြားမှုများ ပြုလုပ်ခဲ့ပြီး အခမ်းအနားအား ရုတ်သိမ်းခဲ့သည်။