ထိုင်းခြေစမ်း ခရီးစဥ်အတွက် မြန်မာ အမျိုးသမီးအသင်း လူစာရင်းထုတ်ပြန်
တရုတ်နိုင်ငံတွင် ကျင်းပမည့် ၉ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ရန်ကုန်မြို့တွင် နောက်ဆုံး လေ့ကျင့်ပြင်ဆင်မှုအနေဖြင့် စက်တင်ဘာ ၈ရက်က အမျိုးသားဘောလုံးအကယ်ဒမီ(ရန်ကုန်) ယူ – ၁၆ အသင်းနှင့်ခြေစမ်းပွဲ ယှဥ်ပြိုင်ကစားခဲ့သည်။ အဆိုပါ ခြေစမ်းပွဲစဉ်ကို သာမန်ပွဲကစားချိန်အတိုင်း ၄၅ မိနစ် ၂ပိုင်း အပြင် အချိန်ပို မိနစ် ၃၀ စုစုပေါင်း မိနစ် ၁၂၀ ယှဉ်ပြိုင်ကစားခဲ့ပြီး ပထမပိုင်းတွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းက ၁-၀ဂိုးဖြင့်အနိုင်ရခဲ့ကာ ဒုတိယပိုင်းတွင် အကယ်ဒမီ ယူ-၁၆ အသင်းက ၁-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။ အချိန်ပို မိနစ် ၃၀တွင် အကယ် ဒမီ ယူ – ၁၆အသင်း က ၄-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းသည် ရန်ကုန်မြို့တွင် […]